ဗဟိုအလုပ်အမှုဆောင်မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်ပြည်ခိုင်ဖြိုးပါတီလူငယ်ရေးရာနှင့်အမျိုးသမီးရေးရာတွေ့ဆုံပွဲသို့တက်ရောက်

 

နွားထိုးကြီး ဖေဖော်ဝါရီ ၁၇

မြင်းခြံခရိုင် နွားထိုးကြီးမြို့ နယ် ပြည်ခိုင်ဖြိုးပါတီ၏ လူငယ် ရေးရာနှင့်အမျိုးသမီးရေးရာ တွေ့ ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီခွဲကကျင်းပရာ ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင်မန္တလေး တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း မောင်တက်ရောက်အားပေးခဲ့သည်။

အခမ်းအနားအား နိုင်ငံတော် သီချင်းသံပြိုင်သီဆို၍ နိုင်ငံတော် အလံအား အလေးပြုခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပါတီလူငယ်များက ဒို့ ပြည်ခိုင်ဖြိုးလူငယ်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ဖွင့်လှစ်ခဲ့သည်။

ထို့နောက် နွားထိုးကြီးမြို့နယ် ပါတီဥက္ကဋ္ဌဦးကြည်ဖေကနှုတ်ခွန်း ဆက်စကားပြောကြားခဲ့ပြီးနောက် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က ပါတီ၏မူဝါဒလုပ်ငန်းစဉ်များ၊ လူ ငယ်ကဏ္ဍ၊ အမျိုးသမီးကဏ္ဍမှ ဆက်လက်ဆောင်ရွက်ရမည့်လုပ် ငန်းစဉ်များ၊ လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေး အခြေအနေများအစရှိသည်တို့ကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ပါတီကော်မတီဝင် လူငယ်ရေးရာ ကဏ္ဍတာဝန်ခံ ဒေါ်သိင်္ဂီအောင်နှင့် အမျိုးသမီးကဏ္ဍ တာဝန်ခံဒေါ်လှ လှအေးတို့က နှုတ်ခွန်းဆက်စကား များပြောကြားခဲ့သည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင်မန္တလေး တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း မောင်၊ တိုင်းဒေသကြီးပါတီကော် မတီဝင်လူငယ်ရေးရာကဏ္ဍတာဝန် ခံ ဒေါ်သိင်္ဂီအောင်၊ အမျိုးသမီးရေး ရာကဏ္ဍတာဝန်ခံ ဒေါ်လှလှအေး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်သန်းသန်းအေး၊ မြင်းခြံခရိုင် ပါတီဥက္ကဋ္ဌ ဦးကျော်တင်နှင့် ခရိုင် ကော်မတီဝင်များ၊ နွားထိုးကြီးမြို့ နယ်ပါတီဥက္ကဋ္ဌ ဦးကြည်ဖေနှင့် ကော်မတီဝင်များ၊ လူငယ်နှင့်အမျိုး သမီးအဖွဲ့များမှ ပါတီဝင်များအပါ အဝင် စုစုပေါင်းအင်အား ၂ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သုတ(မန္တလေး)