ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင် ဇေယျာသီရိမြို့နယ် ပါတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီ ဥက္ကဋ္ဌ ဦးဝေလွင်သည် စက်တင်ဘာလ (၂၂) ရက် နံနက် ၉ နာရီက နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးနောင်နောင်နှင့် မြို့နယ်ကော်မတီဝင်များအား ဇေယျာသီရိမြို့နယ် ပြည်ခိုင် ဖြိုးရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ နေပြည်တော် ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးဌေးဝင်း၊ ဘဏ္ဍာရေးမှူး ဒေါ်သီတာထွေး၊ နေပြည်တော်ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ခရိုင်ပါတီ အတွင်းရေးမှူး ဦးနွေနှင်းမောင်၊ ခရိုင်ပါတီကော်မတီဝင် ဦးမြင့်ဇော်ထွန်း ဇေယျာသီရိမြို့နယ် အရန်ပါတီကော်မတီဝင်များနှင့် ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်က မြို့နယ်ပါတီကော်မတီများ ပြည်လည်ဖွဲ့စည်းပြီးနောက် ယခုလို မြို့နယ်ကော်မတီဝင်အသစ်များနှင့် အရန် ကော်မတီဝင်များအား လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ၂ဝ၂ဝပြည့်နှစ်တွင် ပါတီအောင်နိုင် ရေးအတွက် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ပြည်သူများ၏ အခက်အခဲများအား အတတ်နိုင်ဆုံး ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်နှင့် မြို့နယ်ကော်မတီဝင်များက တင်ပြဆွေးနွေးချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲအပြီးတွင် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာရှိ ဝဲကြီးပရိယတ္တိစာသင်တိုက်၏ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘန္ဒန္တအာ ဒိစ္စဝံသထံသွားရောက်၍ နဝကမ္မ အလှူငွေကျပ် သုံးသောင်းအား ဦးဝေလွင်က လှူဒါန်းခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ဆက်လက်ပြီး လှူဒါန်းမှုပြုလုပ်သွားမည်ဟု လျှောက်ထားခဲ့ကြောင်းသိရသည်။

ပေါ်ဦး


Leave a Reply