ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့် မြို့နယ်ပါတီဥက္ကဌများ တွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးရဲမြင့်ထွန်း နှင့်မြို့နယ်ပါတီဥက္ကဌများတွေ့ဆုံဆွေးနွေးပွဲအား ဒီဇင်ဘာလ ၂ ရက်နေ့နံနက်ပိုင်းက အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည် ။ ဆွေးနွေးပွဲတွင်ရှေးဦးစွာတိုင်းဒေသကြီးပါတီဥက္ကဌမှ ရက်ပေါင်း၉၀ သုံးလတာ စီမံချက် လုပ်ငန်းများ အကောင်အထည်ဖော်နေမှု ၊ သက်ဆိုင်ရာမြို့နယ်များအလိုက် မြေပြင်ကွင်းဆင်း ထိတွေ့ခြင်းဆိုင်ရာလုပ်ငန်းများ ၊ ရေးရာကဏ္ဍများကို အောက်ခြေရပ်ကွက် / ကျေးရွာအုပ်စုများအထိ ဖွဲ့စည်းထားရှိနေမှု ပါတီ၏ရှေ့လုပ်ငန်းစဥ်များအားရှင်းလင်းပြောကြားခဲ့သည် ။ ရှင်းလင်းချက်များအပေါ် ပဲခူးခရိုင် ၊ညောင်လေးပင်ခရိုင် ၊တောင်ငူခရိုင် အတွင်းရှိမြို့နယ်ပါတီ၏ဥက္ကဌများမှ မြေပြင်ပါတီပကတိ အခြေနေများ ၊ ရက်ပေါင်း ၉၀ လုပ်ငန်းအခြေအနေဆောင်ရွှက်ပြီးစီးမှု ၊ ဆောင်ရွှက်ဆဲ ၊ဆောင်ရွှက်ရန်ကျန် ရှိနေမှုများအားရှင်းလင်းတင်ပြခြင်း ၊ တိုင်းဒေသကြီးပါတီမှညွန်ကြားထားသောပါတီ၏လုပ်ငန်းများ ၊ ပါတီဝင်များနှင့်ထိတွေ့ဆက်ဆံခြင်းရာလုပ်ငန်းများ ၊ မြို့နယ်ပါတီ၏ပြုပြင်ပြောင်းလဲမှု ဆိုင်ရာလုပ်ငန်း ကိစ္စ ရပ်များ ၊ ရေးရာကဏ္ဍအသီးသီးအားပြင်ဆင်ဖွဲ့စည်းထားရှိမှုအခြေအနေများ ၊ နယ်မြေကွင်းဆင်း ရာတွင် ပါတီဝင်များမှအကြံပြုတင်ပြလာမှုများအား တစ်မြို့နယ်ချင်းအလိုက် အသေးစိတ်ဆွေးနွေး တင်ပြခဲ့သည် ။ တင်ပြချက်များအပေါ်တိုင်းဒေသကြီးပါတီဥက္ကဌနှင့်တိုင်းပါတီတာဝန်ရှိသူများမှ အကြံပြု လမ်းညွန်ခြင်း ၊ ပေါင်းစပ်ညှိနှိုင်းခြင်း ၊ ဆွေးနွေးခြင်းများအားဆောင်ရွှက်ခဲ့ပြီး ပါတီ၏ရှေ့လုပ်ငန်းစဉ် ကိစ္စရပ်များအား အဆိုပါဆွေးနွေးပွဲမှဆုံးဖြတ်ဆွေးနွေးနိုင်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ပါတီဥက္ကဌဦးရဲမြင့်ထွန်းနှင့် တိုင်းပါတီအတွင်းရေးမှူး ဦးအောင်နိုင်နှင့်တိုင်းပါတီကော်မတီဝင်များ ပဲခူးခရိုင် ၊ညောင်လေးပင်ခရိုင်၊ တောင်ငူခရိုင်အတွင်းရှိ မြို့နယ်ပါတီဥက္ကဌများတက်ရောက်ဆွေးနွေးခဲ့သည် ။