ကျောက်တံခါးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အင်းပတ်လည်အုပ်စုရှိပါတီဝင်များနှင့်တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ မြို့နယ်ဘဏ္ဍာ ရေးမှူး ဦးနေလင်းထွန်းနှင့် ပါတီတာဝန်ရှိသူများသည် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက အင်းပတ်လည် ကျေးရွာအုပ်စုရှိပါတီဝင်များနှင့်တွေ့ဆုံခဲ့သည် ။ တွေ့ဆုံခဲ့ရာတွင်ပါတီ၏ရေးရာကော်မတီအဖွဲ့များ ဖွဲ့စည်း နေမှုများ ၊ မြို့နယ်ပါတီဥက္ကဌ၏လမ်းညွန်မှာကြားချက်များ ၊ မြို့နယ်ပါတီကော်မတီ၏လုပ်ဆောင်နေမှုများ ၊ ရပ်ကွက် / ကျေးရွာအုပ်စုရှိပါတီများပြန်လည်စုစည်းမှု စသည်တို့ရှင်းလင်းပြောကြားခဲ့သည် ။ ရှင်းလင်း ဆွေးနွေးချက်များအပေါ်ပါတီဝင်များမှ မေးမြန်း အကြံပြု ပြန်လည်တင်ပြခဲ့သည် ။

#USDP #Bago