ယူအက်စ် အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် နဒါးလ် ဗိုလ်စွဲ

ငါးနာရီနီးပါး ကစားပြီး ရုရှားကစားသမား ကမ္ဘာ့အဆင့်(၅) မက်ဗီဒက်ကို ရ-၅ ၊ ၆-၃၊ ၅-၇၊ ၄-၆၊၆-၄ နဲ့ နာဒယ် အနိုင်ရပါတယ်။ စက်တင်ဘာ(၉)ရက် နံနက်အစောပိုင်းက ကစားတဲ့ ယူအက်စ်အိုးပင်း တစ်ဦးချင်း အမျိုးသားဗိုလ်လုပွဲမှာ စပိန်ကစားသမား ကမ္ဘာ့အဆင့်(၂)နာဒယ်က အနိုင်ရတာပါ။ဒါဟာ ကစားသမားဘ၀ (၁၉)ကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့တာဖြစ်ပြီး၊ယူအက်စ်အိုးပင်း ပြိုင်ပွဲမှာ(၄)ကြိမ်မြောက်ဗိုလ်စွဲနိုင်တာ ဖြစ်ပါတယ်။
အမျိုးသမီးနှစ်ယောက်တွဲ ဗိုလ်လုပွဲမှာတော့ ဘီလာရုစ်က အဇာရန်ကာနဲ့ သြစတေးလျ က ဘာတီ တို့အတွဲကို ရိုမေးနီးယားက မာတန် နဲ့ ဘီလာရုစ်က ဆာဘာလန်ကာ အတွဲက ၇-၅၊၇-၅ နဲ့ အနိုင်ရပါတယ်။