မက်ဆီအား ကစားသမားဘဝကုန်ဆုံးချိန်အထိ ဘာစီလိုနာ စာချုပ်ကမ်းလှမ်းမည်

ဘာစီလိုနာအသင်းသည် တိုက်စစ်မှူးမက်ဆီအား ကစားသမားဘဝကုန်ဆုံးချိန်အထိ စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ မက်ဆီ သည် ဘာစီလိုနာ၌ ၁၅ ရာသီပါဝင်ကစားခဲ့ပြီး ပွဲ ပေါင်း ၄၅၂ ပွဲတွင် ၄၁၉ ဂိုးအထိ သွင်းယူပေးနိုင် ခဲ့သူဖြစ်သည်။

သို့သော် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ၄င်း၏စာချုပ်နှင့် ပတ်သက်၍ သတင်းပေါက်ကြားမှုများထွက် ပေါ်လာခဲ့သည်။ အသက် ၃၂ နှစ်ပြည့်ပြီးနောက် ရာသီပြီးဆုံးတိုင်း အသင်းမှ အလွတ်ထွက်ခွာခွင့်ရှိနေသည်ဟူသောအချက်ကို ဘာစီလိုနာအသင်း ဥက္ကဋ္ဌကလည်း အတည်ပြုထားသည်။

ထို့ကြောင့် ၄င်းကို အရှေ့အလယ်ပိုင်းကလပ်များက ခေါ်ယူရန် ပစ်မှတ် ထားလာကြသည်။ ဘာစီလိုနာက ၄င်းကို ဆက်ထိန်းထားလိုသည်။