သြဂုတ်လ ပရီးမီးယားလိဂ် အကောင်းဆုံးဆုများကို ကလော့ပ်နှင့် နောဝစ်ခ်ျတိုက်စစ်မှူး တီမူပူကီ ရရှိ

ပရီးမီးယားလိဂ်တန်း တက်နောဝစ်ခ်ျ အသင်းအတွက် လေးပွဲတွင် ငါးဂိုးသွင်းယူခဲ့သော ဖင်လန်တိုက်စစ်မှူး တီမူပူကီ သည် သြဂုတ်အတွက် ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုရရှိပြီး အကောင်းဆုံးနည်းပြဆု ကို လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က ရရှိသည်။ တစ်လတာအကောင်းဆုံး ကစားသမားဆုသည် ကြီးမားသော ဂုဏ်ယူစရာဆုတစ်ခုဖြစ်ပြီး မိမိခြေစွမ်းကောင်း ပြသနိုင်ရေး ကူညီခဲ့သော အသင်းဖော်များကို ကျေးဇူးတင်ကြောင်း ပူကီက ပြောသည်။  ပူကီ (၂၉) နှစ်သည် ၂၀၀၄ မတ်လနောက်ပိုင်း ပရီးမီးယား လိဂ်တစ်လတာအကောင်းဆုံးဆု ရရှိသော ပထမဆုံးဖင်လန်နိုင်ငံ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ -Ref: Permierleague