ဒီယွန်တေးဝိုင်းဒါးနဲ့ပွဲအတွက် စိုးရိမ်စရာမရှိဘူးလို့ တိုင်ဆန်ဖြူရီ ပြောကြား

ဆွီဒင်နိုင်ငံသား အော့တိုဝယ်လင်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာတွေရခဲ့ပေမယ့် အမေရိကန်နိုင်ငံသား ဒီယွန်တေးဝိုင်းဒါးနဲ့ မကျေပွဲအတွက် စိုးရိမ်စရာမရှိဘူးလို့ ဗြိတိန်နိုင်ငံသား တိုင်ဆန်ဖြူရီက ပြောပါတယ်။ တိုင်ဆန်ဖြူရီဟာ ဝယ်လင်ရဲ့ လက်သီးချက်တွေကြောင့် ကွဲခဲ့တဲ့မျက်ခုံးကိုဆေးရုံမှာ အချက်(၄၀)ချုပ်ခဲ့ရပါတယ်။ ဒါပေမယ့်ဖေဖော်ဝါရီမှာ ထိုးသတ်ဖို့စီစဉ်နေတဲ့ ဒီယွန်တေးဝိုင်းဒါးနဲ့ပွဲကိုတော့ နောက်ဆုတ်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ၀ယ်လင်ကိုအနိုင် တဲ့ပွဲအပြီးမှာလည်းတိုင်ဆန်ဖြူရီက သူ့ရဲ့နောက်ထပ်ပစ်မှတ်က ဒီယွန်တေး ၀ိုင်းဒါး ဖြစ်တယ်လို့ စိန်ခေါ်ထားပါတယ်။ WBCဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဒီယွန်တေးဝိုင်းဒါးနဲ့ တိုင်ဆန်ဖြူရီတို့ ပထမပွဲကို(၂၀၁၈)ဒီဇင်ဘာကထိုးသတ်ခဲ့ရာမှာ(၁၂)ချီပြည့်တဲ့အထိ အရှုံးအနိုင် အဖြေမပေါ်ခဲ့သလို ဒိုင်လူကြီး တွေရဲ့ အမှတ်ပေးမှုမှာလည်း တူညီနေခဲ့လို့သရေပွဲ အဖြစ်သာ သတ်မှတ်ခဲ့ပါတယ်။ သတင်းတွေအရတော့ တိုင်ဆန်ဖြူရီနဲ့ ဒီယွန်တေးဝိုင်းဒါးတို့ရဲ့ မကျေပွဲကို(၂၀၂၀) ဖေဖော်ဝါရီလ(၂၂)ရက်မှာ ထိုးသတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။  one news