EPL ရွှေဖိနပ်ဆုရှင် ဂျေမီဗာဒီကို ၂၀၂၃ထိ အသင်းက သက်တမ်းတိုး

လက်စတာစီးတီးအသင်းဟာ အသင်းရဲ့တိုက်စစ်မှူး ဂျေမီဗာဒီကို ၂၀၂၃ခုနှစ်ထိဆက်ရှိမဲ့ စာချုပ်သက်တမ်း တိုးခဲ့ပြီး ကစားသမားရဲ့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင်ကို ထပ်ဆင့်ဂုဏ်ပြုတဲ့အနေနဲ့ လစာလည်း တိုးပေးခဲ့ပါတယ်။ ဗာဒီဟာ အသက်အရွယ်နဲ့မလိုက်အောင် အသင်းမှာ စွမ်းဆောင်ပေးနိုင်နေဆဲ ကစားသမားလည်း ဖြစ်ပါတယ်။ အသင်းနဲ့ သက်တမ်းကုန်ချိန်မှာတော့ သူ့အသက်က ၃၆ နှစ်ရှိလာမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်က တိုက်စစ်မှူးတွေဖြစ်တဲ့ အော့ဘာမီယမ်၊ စတားလင်းနဲ့ ဒန်နီအင့်ဂ်တို့ကိုကျော်ပြီး ၂၃ဂိုးသွင်းကာ ထိပ်တန်းဂိုးသွင်းရှင်လည်း ဖြစ်ခဲ့သလို အသင်းကို ယူရိုပါလိဂ်ဝင်ခွင့်