စပိန်ကိုအနိုင်ရခဲ့ပြီးနောက် အသင်းသားများကို အင်္ဂလန်နည်းပြဆောက်ဂိတ် ချီးကျူး

ဆီဗီးမြို့မှာ စပိန်ကို (၃-၂)ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးနောက် အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ အသင်းသားတွေကို ချီးကျူးသွားခဲ့ပါတယ်။ တိုက်စစ်မှူးစတာလင်းရဲ့(၃)နှစ်အတွင်း ပထမဆုံးနိုင်ငံတကာ သွင်းဂိုးတွေအပြင် ရက်ဖို့ဒ်ရဲ့ ဂိုးနဲ့ အင်္ဂလန်ဦးဆောင်နိုင်ခဲ့ပြီး နည်းပြအင်းနရစ်ရဲ့စပိန်က ချေပဂိုးတွေလိုက်သွင်းခဲ့တာပါ။ ဒီရလဒ်ဟာ အင်္ဂလန် အသင်းအတွက် မှတ်တမ်းတခုဖြစ်ခဲ့ပြီး ၁၉၅၉ ခုနှစ်ပြီးနောက် ပျမ်းမျှအသက်အငယ်ဆုံးအသင်း ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင်ယူအီးအက်ဖ်အေနေးရှင်းလိဂ်မှာ စပိန်ကိုအနိုင်ရခဲ့တာဟာ အင်္ဂလန်အနေနဲ့ ၂၀၁၆ မတ်လမှာ ဂျာမနီကို အနိုင်ရရှိခဲ့ပြီးတဲ့နောက် ထိပ်တန်းအသင်းတစ်သင်းကို ပထမဆုံးနိုင်ခဲ့တာပါ။ အင်္ဂလန် နည်းပြဆောက်ဂိတ်က “ ခြေစွမ်းကို အမှန်တကယ်ဂုဏ်ယူမိပါတယ်။ သတ္တိရှိရှိနဲ့ကစားနိုင်ခဲ့ပါတယ်။ ဒီကိုလာကတည်းက ကျွန်တော်တို့ သိပါတယ်။ မိနစ်(၉၀)လုံးခံစစ်ကစားမယ်ဆိုရင် ဒီလိုရလဒ်မျိုးထွက်ပေါ်လာဖို့ မရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ဘောလုံးနဲ့အတူ ရဲရဲရင့်ရင့်ကစားဖို့လိုပါတယ်။ ကောင်းမွန်တဲ့ လက္ခဏာကိုတွေ့ခဲ့ရပါတယ်” လို့ ပြောခဲ့ပါတယ်။

Ref: Skysports