ခါဘီရဲ့ စိန်ခေါ်မှုကို တုန့်ပြန် လိုက်ပြီ ဖြစ်တဲ့ မေ၀ဲသာ

ဒီမနက်ခင်းမှာပဲ UFC လိုက်ဝိတ်ချန်ပီယံ ရုရှား ဖိုက်တာ ခါဘီ ရဲ့ စိန်ခေါ်မှု နဲ့ ပတ်သက်ပြီး လက်ဝှေ့ ဆရာကြီး မေ၀ဲသာ ကတော့ တုန့်ပြန်လိုက်ပြီဖြစ်ပါတယ်။ မေ၀ဲသာက ခါဘီ အနေနဲ့ သူ့ကို စိန်ခေါ်မယ်ဆိုရင် အရင်ဆုံး MGM Grand Arena ဟာ ထိုးသတ်ဖို့ နေရာကောင်း တစ်ခုပဲလို့ ညွှန်းဆို သွားခဲ့သလို ၊ ရုပ်သံထုတ်လွှင့်သူတွေ အနေနဲ့ ဘယ်လောက်အထိ အကျိုးအမြတ်ပေးနိုင်မလဲဆိုတာ အရင်ဆုံး ဆန်းစစ်ပေးဖို့ ပြောဆိုသွားခဲ့ပါတယ်။

ခါဘီဟာ ကောန်ာကို မကြာသေးခင်ကမှ အနိုင်ယူထားတဲ့ UFC ဖိုက်တာ တစ်ယောက် ဖြစ်ပြီး ၊ ဒီလောကမှာ သူတစ်ယောက်ပဲ စိုးမိုးထားချင်တာကြောင့် မေ၀ဲသာနဲ့ ထိုးသတ်ချင်တဲ့ အကြောင်းကို ဒီမနက်က သတင်းထောက် တွေ နဲ့ တွေ့ဆုံစဉ်မှာ အခုလို စိန်ခေါ်ထားခဲ့တာပါ။

“ မေ၀ဲသာ.. ငါတို့ ဖိုက်ကြရအောင်လေ။

မင်းလဲ ပွဲ 50 ထိုးရာမှာ လုံးဝ ရှုံးပွဲ မရှိသလို ၊ ငါ လဲ 27 ပွဲ ထိုးသတ်ခဲ့ရာမှာ တစ်ပွဲမှ မရှုံးသေးပါဘူး။ ဒါကြောင့်မို့ ရှုံးပွဲ မရှိတဲ့ ဖိုက်တာနှစ်ယောက် ထိုးကြမယ်လေ ၊ ဘာလို့ ဒီပွဲဟာ မဖြစ်လာနိုင်ရမှာလဲ ။

တောထဲမှာတောင် ဘုရင်ဆိုတာ ၊ ခြင်္သေ့ တစ်ကောင်ပဲ ရှိတာ မလား……

တကယ်တော့ ငါကပဲ လက်ရှိ အချိန်မှာ ဘုရင်ကြီးပါကွာ ၊ မင်းဟာ မက်ဂရီကော် ကို လွယ်လွယ်နဲ့ အနိုင်မယူ ပြနိုင်ခဲ့ပေမယ့် ၊ ငါကတော့ အေးအေးဆေးဆေးနဲ့ အနိုင်ယူပြထားတဲ့ ဖိုက်တာလေ” လို့ စတင် စကားနာ ထိုးခဲ့တာ ဖြစ်ပါတယ်။

ယခင်ကတော့ မေ၀ဲသာက ခါဘီ ရဲ့ အကြောင်း မသိခဲ့ဘူးလို့ ဆိုထားပြိး ၊ ကော်နာနဲ့ ပွဲမှာ ဖြစ်ပွားခဲ့တဲ့ နောက်ဆက်တွဲ ပြသနာတွေ နဲ့ ပတ်သက်လို့ အခုလို မှတ်ချက်ပေးခဲ့ဖူးပါတယ်။

“ကော်နာ နဲ့ ထိုးတဲ့ သူအကြောင်းကို ကျွန်တော် ကောင်းကောင်း မသိပါဘူး ။ ဒါပေမယ့် ဒီလူ ယှဉ်ထိုးခဲ့တဲ့ သူက တော့ ဂန္ထ၀င်တစ်ယောက်ဆိုတာ ကျွန်တော် သိပါတယ် ။ ကော်နာ ဟာ ခက်ခဲတဲ့ ပြိုင်ဘက် တစ်ယောက်ပါ ။ သူ့ရဲ့ ပြိုင်ဘက်ကတော့ ပရော်ဖက်ရှင်နယ် မဆန်တဲ့ သူပါပဲ ။ စည်း အပြင် ကို ထွက်ပြီး စင်ပေါ် က လူတွေ နဲ့ ရန်ဖြစ်နေတယ်ဆိုတာက တကယ့်ကို ရုပ်ဆိုးတဲ့ မြင်ကွင်း တစ်ခုပါ” “ဒီ အတွက် သူ ( ခါဘီ ကို ရည်ရွယ်သည် ) ကောင်းကောင်း အပြစ်ပေးခံရမှာ သေချာပါတယ် ။ ကျွန်တော် လက်ဝှေ့ထိုးခဲ့တုန်းက လည်း ဇတ်ဂျူဒါ့ နဲ့ ပွဲ မှာ ရန်ပွဲတွေ ဖြစ်ခဲ့ ဖူးပါတယ်။ အဲ့အတွက် ဒဏ်တပ် ခံခဲ့ ဖူးပါတယ်။ အခု သူက စည်းအပြင်အထိ ထွက်ထိုးခဲ့တာပါ ။ ကျွန်တော့ အထင် မမှားရင်တော့ ပွဲစဉ် ၇ ပွဲ လောက်အထိ ကနေ ခါးပတ် အသိမ်းခံရလောက် တဲ့အထိ ဖြစ် သွားနိုင် ပါတယ်” လို့ မေ၀ဲသာက ပြောဆို ထားခဲ့တာ ဖြစ်ပါတယ်။

ဒီ ဖိုက်တာ နှစ်ယောက်ရဲ့ အကြား စကားစစ်ထိုးမှုတွေဟာ တဖြေးဖြေးနဲ့ ဇာတ်ရှိန် မြင့်လာခဲ့ပြီမို့ ၊ ပွဲစီစဉ်သူတွေ ဘယ်လိုမျိုး ဖန်တီးပြမလဲ ဆိုတာ စိတ်ဝင်စားဖို့ တော်တော်လေး ကောင်းနေခဲ့ပါပြီ။

Source: Sportsmyanmar