ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဌာပနာသွင်းပူဇော်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ တိုင်းရင်းဆေးဝါးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကုသိုလ်ပါဝင်

ရန်ကုန် ဧပြီ ၃

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်တွင် တည်ထားပြီးစီး ခဲ့သည့် ဆုတောင်းပြည့် အောင်တော်မူဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဌာပနာသွင်းလှူ ပူဇော်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်ရာ ဒလမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ လာရောက်ကြသည့် ဧည့်ပရိသတ်များကို တိုင်းရင်းဆေးဝါးများအသုံးပြု၍ ကျန်းမာ ရေးကူညီစောင့်ရှောက်မှု ကုသိုလ်ပါဝင်ခဲ့ သည်။

ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များသည် ယခုလ ၁ ရက်မှ ယနေ့အထိ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ ဌာပနာသွင်းလှူပူဇော်ပွဲ သို့ လာရောက်ကြသည့် ဧည့်ပရိသတ်များ၊ ဆောက်လုပ်ဆဲ သိမ်တော်ကြီးတွင် လာ ရောက် လုပ်အားဒါနပြုကြသူများအား တိုင်းရင်းဆေးဆရာကြီးဦးမြသောင်း၊ဆရာ ကြီး ဦးစောလှိုင်မြင့်တို့က ဦးဆောင်၍ ပြည်ခိုင်ဖြိုးပါတီဝင်များက ဝိုင်းဝန်းကူညီ ကာ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့် ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ကြ သည်။

မောင်ယဉ်ဦး(ဒလ)