ဌာပနာပိတ်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ကျောက်မျက်ရတနာများလှူဒါန်း

 

ရန်ကုန် ဧပြီ ၃

ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလ) တံတားစီမံကိန်းနှင့် မလွတ်ကင်းသည့် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီး ဘေးရှိ ဆုတောင်းပြည့်အောင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ကျန်စစ်သားရပ်ကွက်တွင် မူလပုံစံတူအတိုင်းတည်ထားပြီးစီး၍ ဌာပနာပိတ်သွင်းပူဇော်ပွဲကို ယမန်နေ့ နံနက်၉နာရီက ကျင်းပရာ ဒလ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကျောက်မျက်ရတနာများ လှူဒါန်းခဲ့သည်။

ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဥက္ကဋ္ဌ ဦးသန်းနိုင်၊ အတွင်း ရေးမှူး ဦးဝင်းဇော်လတ်နှင့် ပါတီဝင်များသည် ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးတွင် ဌာပနာသွင်းရန်အတွက် ကျောက်မျက်ရတနာများ အား ကမာကဆစ်အနောက်ကျောင်းဆရာတော် ဦးဧသိကထံသို့ လှူဒါန်း ရာ ဆရာတော်က လှူဒါန်းမှုအတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ပြီး တက်ရောက်လာကြသူများက သာဓုခေါ်ဆိုခဲ့ကြသည်။ မင်္ဂလာ အချိန်အခါရောက်သည်နှင့် ဆရာတော် ဦးဧသိက၊ ပြည်ခိုင်ဖြိုး ပါတီဝင်များ၊ အလှူရှင်များက လှူဒါန်းထားသည့် ရွှေငွေကျောက် သံပတ္တမြားတို့အား ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် ဌာပနာသွင်းမှု ပြုလုပ်ပေးခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီမှလှူဒါန်းသည့် ကျောက်မျက်ရတနာများမှာ ကျောက်စိမ်း၊ နီလာ၊ ဥဿဖရား အပါအဝင်ကျောက်မျိုးစုံ ၁၄လုံး နှင့် ကျောက်စိမ်းဆင်ရုပ်တစ်ရုပ်၊ ခြင်္သေ့တံဆိပ်ပါငွေဖြင့် ပြုလုပ် ထားသည့် တစ်ရာတန်ငွေအကြွေေစ့များအား လှူဒါန်းခဲ့ကြောင်း သိရသည်။

မောင်ယဉ်ဦး(ဒလ)