ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် ရွှေဘိုမြို့နယ် ပါတီမျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) သူရဦးအေးမြင့်သည် ယမန်နေ့ နံနက် (၉) နာရီခွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး သီဟရာဇာခန်းမ၌ ကျင်းပသည့် ရွှေဘိုမြို့နယ် ပါတီမျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားသည်။

ရှေးဦးစွာ ရွှေဘိုမြို့နယ် ပါတီမျက်နှာစုံညီအကြိုညှိနှိုင်းအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ပါတီ ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး ကော်မတီ (မြို့နယ်ပါတီမျက်နှာစုံညီ အစည်းအဝေးကြီးကြပ်ရေးကော်မတီ) က ရွှေဘို မြို့နယ်ပါတီအတွက် မြို့နယ်ပါတီအလုပ်အမှုဆောင်ကော်မတီဝင်အသစ် (၁၅) ဦးနှင့် အရန်မြို့နယ်အလုပ်အမှုဆောင်ကော်မတီဝင်အသစ် (၁၅) ဦး စုစုပေါင်း ကော်မတီဝင် (၃ဝ) တို့ကို စိစစ် ရွေးချယ်ခြင်း လုပ်ငန်းအဆင့်ဆင့်ဖြင့် စိစစ်ဆောင်ရွက်ကြသည်။

ယင်းနောက် ရွှေဘိုမြို့နယ် ပါတီမျက်နှာစုံညီအစည်းအဝေးကို ဆက်လက် ကျင်းပပြီး မြို့နယ်ပါတီ အလုပ် အမှုဆောင် ကော်မတီဝင်အသစ် (၁၅) ဦးနှင့် အရန်အလုပ်အမှုဆောင်ကော်မတီဝင် အသစ် (၁၅) ဦးတို့ အား ကတိသစ္စာ ပြုခြင်း၊ ပါတီတာဝန်များပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပြီး ပြည်ခိုင်ဖြိုးပါတီ၏ ဦးတည်ချက်၊ ရည်မှန်းချက်၊ ရှေ့လုပ်ငန်းစဉ်များကို အထောက်အကူပြုမည့် ဆွေးနွေးချက်စာတမ်း ငါး စောင်အား မြို့နယ်အလုပ်အမှုဆောင်ကော်မတီဝင် အသစ်များက ဖတ်ကြားတင်သွင်းကြ၍ အခမ်းအနား ကို မွန်းလွဲ ၃ နာရီတွင် ‘ပြည်ခိုင်ဖြိုးပါတီ အောင်ရမည်’ ဟူသော ကြွေးကြော်သံဖြင့် ကြွေးကြော်ကာ ရုပ်သိမ်းခဲ့သည်။

ထို့နောက် ပါတီဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်နှင့်အဖွဲ့သည် ရွေးချယ်ပြီးသော မြို့နယ်ပါတီအလုပ် အမှု ဆောင်ကော်မတီဝင် (၁၅) ဦး၊ အရန်မြို့နယ်ပါတီ အလုပ်အမှုဆောင်ကော်မတီဝင် (၁၅) ဦးတို့နှင့် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခြင်း၊ ပါတီဒုတိယဥက္ကဋ္ဌက သြဝါဒလမ်းညွှန်စကားများ ပြောကြားခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးဇေယျာ


Leave a Reply