ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာသိကောင်းစရာဆွေးနွေးပွဲ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး တက်ရောက်အမှာစကားပြောကြား

 

မကွေး ဧပြီ ၃

မကွေးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈) ပြင်ဆင်ရေးဆိုင်ရာသိကောင်းစရာ ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးပါတီအစည်းအဝေးခန်းမ၌ပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးတက်ရောက်အမှာစကားပြောကြားခဲ့သည်။

အစီအစဉ်အရ နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော် သီချင်းသီဆိုခြင်းတို့ဆောင်ရွက်ကြပြီး ဗဟိုအတွင်းရေးမှူးက အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးစောဝင်းမောင်နှင့် ဦးလှဆွေတို့က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာများ ရှင်းလင်းပြောကြားပြီး ဦးဟန်မောင်က စည်းရုံးရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းမှုအပေါ် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းခဲ့ပြီး မွန်းတည့် ၁၂နာရီတွင် တွေ့ဆုံပွဲပြီးမြောက်ကြောင်းနှင့် တွေ့ဆုံပွဲသို့ ဗဟို အတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းဒေသကြီး ပါတီ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်နှင့်တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ မကွေးခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းရှိန်နှင့် ခရိုင် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီဝင်များ၊ ဖိတ်ကြားထားသူများစုစု ပေါင်း ၁၅ဝ ခန့် တက်ရောက်ကြောင်းနှင့် ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိပြုလုပ်သော မကွေးတိုင်းဒေသကြီးပါတီကော်မတီဝင်များ အပတ်စဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး ပါတီစည်းရုံးရေး၊ စီမံ ခန့်ခွဲရေး၊ ဘဏ္ဍာရေးနှင့် သတင်းထုတ်ပြန်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မင်းဇော်(မကွေး)