ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအလုပ်​မှု့​ဆောင်​ ဦး​ဝေလွင်​ လူထု​ဟော​ပြောနည်း သင်​တန်းပို့ချ

 

ဧပြီလ ၃ ရက်​ ၊ အင်္ဂပူမြို့နယ်​ ။

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်​ ပြည်​​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီရုံးခန်းမ၌ ယ​နေ့ နံနက်​ ၉း၃၀ အချိန်​တွင်​ လူထု​ဟော​ပြောနည်း သင်​တန်းပြုလုပ်​ခဲ့သည်​။သင်​တန်းသို့ ပါတီဗဟို အလုပ်​မှု့​ဆောင်​ ​နေပြည်​​တော်​ပြည်​​ထောင်​စုနယ်​​မြေ ဥက္ကဌ ဦး​ဝေလွင်​၊ဟင်္သာတခရိုင်​ ဥက္ကဌ ဦးညွန့်​လှိုင်​နှင့်​ခရိုင်ပါတီေ​ကာ်​မတီဝင်​များ၊ ဟင်္သာတမြို့နယ်​ ဥက္ကဌနှင့်မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊​လေးမျက်​နှာမြို့နယ်​ ဥက္ကဌ နှင့်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊အင်္ဂပူမြို့နယ်​ဥက္ကဌ ဦး​နေလင်း​အောင်​၊အတွင်း​ရေးမှူး၊ဘဏ္ဍာ​ရေးမှူး၊ုမြို့နယ်​ပါတီ​ကော်​မတီ၊အရံ​ကော်​မတီဝင်​များနှင့်ရပ်​ကွက်​နှင်​​ကျေးရွာ(၈၀)အုပ်​စုမှ ဥက္ကဌများ ပါတီဝင်​ များ တက်​​ရောက်​ခဲ့ကြသည်​။

အခမ်းအနားတွင်​ ပါတီဗဟိုအလုပ်​မှု့​ဆောင်​ ဦး​ဝေလွင်​က ​ဆွေး​နွေးပို့ချရာတွင်​ ပါတီဝင်​များသိသင့်သည့် လူထု​ဟော​ပြောနည်းများ၊စကား​ပြောစွမ်းရည်​၊အ​ထွေ​ထွေ ဗဟုသုတနှင့် စည်ရုံး​ရေးဆိုင်​ရာ သိ​ကောင်းစရာများ ပို့ချခဲ့သည်​။

အဆိုပါ အခမ်းအနားကို တက်​​ရောက်​သူ ၁၃၀ ဦးတက်​​ရောက်​​ကြောင်​ သတင်းရရှိပါသည်​။

ကိုရဲထွန်းခိုင်