ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ကမာရွတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ

 

ရန်ကုန် ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံးတွင် ယနေ့မွန်းလွဲ ၁နာရီက ကျင်းပသည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရပ်ကွက်ပါတီကော်မတီဝင်များ တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းပါတီမှ ဗဟို ကော်မတီဝင်ဦတင်ဝင်း၊ ရန်ကုန်အနောက် ပိုင်းခရိုင် ပါတီကော်မတီဝင် ဦးဇော်ဝင်း ခေါင်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးမျိုးအောင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက် ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ တိုင်းဒေသကြီးပါတီမှ ဗဟိုကော်မတီဝင်ဦးတင်ဝင်းနှင့် ခရိုင် ပါတီကော်မတီဝင်ဦးဇော်ဝင်းခေါင်တို့က ပါတီဝင်စည်းရုံးရေး၊မိမိပါတီဝင်အင်အား အမှန်စာရင်းရရှိရေး စိစစ်ဆောင်ရွက်ရန်၊ ပါတီအောင်နိုင်ရေး ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် မြို့နယ်ပါတီအတွင်း ရေးမှူးဒေါ်သီသီမွန်နှင့် စည်းရုံးရေးရာ တာဝန်ခံဦးဗိုလ်စောတို့က မြို့နယ်လုပ်ငန်း တာဝန်ခွဲဝေမှုနှင့် စည်းရုံးရေးကော်မတီမှ ကွင်းဆင်းဆောင်ရွက်မှု အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြို့နယ်နှင့်ရပ်ကွက် များမှ တင်ပြဆွေးနွေးခဲ့ကြပြီး ပါတီဗဟို ကော်မတီဝင် ဦးတင်ဝင်းက ပြန်လည် ရှင်းလင်းဆွေးနွေးကာ တွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဗိုလ်စော(ကမာရွတ်)