ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံ

 

ပုသိမ်ကြီး ဇန်နဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်၊ မြို့မရပ်ကွက် ပါတီဥက္ကဋ္ဌဦးသိန်းလွင်နှင့်အမှုဆောင်များလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်း က အောင်မင်္ဂလာ(၂)ရပ်ကွက်နေ ရပ်/ကျေးအမှုဆောင် ဦးဟန်မင်း၏ နေအိမ်တွင် ရပ်ကွက်နေမဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ ဦးသိန်းလွင်ကမိတ်ဆက်စကားပြောကြားခဲ့ပြီး ဦးဝင်းနိုင် က မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှဆောင်ရွက်နေမှုများနှင့် လက်ရှိနိုင်ငံရေး အခြေအနေများကိုဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာသူ များကအခက်အခဲများနှင့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရိုးဆန်း