ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော် ကော့ကရိတ်မြိုကပပေါ်ရှိ ဆရာတော်များအား ဖူးမြော် ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်

 

ကော့ကရိတ် စက်တင်ဘာ

ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်သည် ယမန်နေ့နံနက် ၇ နာရီခွဲတွင် ပြည်နယ်ပါတီ ကော်မတီဝင် ဦးအောင်မြင့်သိန်း၊ ဦးအောင်သိန်းဝင်း၊ ကော့ကရိတ်ခရိုင် ပါတီဥက္ကဋ္ဌ ဦးစောစောရွှေနှင့် ကော့ကရိတ် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမင်းဇော်ဇော်လတ်တို့ လိုက်ပါ၍ အမှတ် (၆) ရပ်ကွက်ရှိ မြို့မကျောင်းကြီးဆရာ တော်အား ဖူးမြော်၍ ဝါဆိုသင်္ကန်းနှင့်လှူ ဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ခဲ့သည်။

နံနက် ၈ နာရီခွဲတွင် အမှတ်(၂) ရပ်ကွက်ရှိ ဓမ္မသီရိဘုန်းကြီးကျောင်းသို့ ရောက်ရှိ၍ ဆရာတော်အားဖူးမြော်ပြီး ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ် ပူဇော်ခဲ့သည်။

နံနက် ၉နာရီခွဲတွင် ဇောတိကရာမ ဘုန်းကြီးကျောင်းသို့ရောက်ရှိ၍ ဆရာတော်အား ဖူးမြော်ပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်ပူဇော်ခဲ့သည်။ နံနက် ၁ဝ နာရီခွဲတွင် မဏိကာရုံ ကျောင်းတိုက်ဆရာတော်အား ဖူးမြော်၍ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက် ကပ်ပူဇော်ခဲ့သည်။

နံနက် ၁၁ နာရီတွင် အမှတ် (၅) လှိုင်ကွက်သစ်ရှိ ရေလည်ကုန်းဆရာတော်အား ဖူးမြော်၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်ပူဇော်ခဲ့ကြောင်း သိရသည်။

ခင်နီနီအောင်