ပါတီဗဟိုကော်မတီဝင် ရပ်စောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တောင်သူလယ်သမားရေးရာတာဝန်ခံများနှင့်တွေ့ဆုံ

 

ရပ်စောက် ဇွန် ၁၂

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် တောင်သူ လယ်သမားရေးရာတာဝန်ခံများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၉နာရီခွဲ က ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ တောင်သူ လယ်သမားရေးရာကော်မတီမှ ပါတီဗဟိုကော်မတီဝင် ဦးအောင် ကျော်ညွန့်၊ ရှမ်းပြည်နယ်(တောင် ပိုင်း) တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးစိုင်းဆာလူ၊ တောင် ကြီးခရိုင် အတွင်းရေးမှူး ဦးအောင် နိုင်ထွန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦး မောင်မောင်လွင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်/ကျေး ရွာအုပ်စုများမှ တောင်သူလယ် သမားရေးရာတာဝန်ခံများ စုစု ပေါင်းအင်အား ၄ဝ ကျော်တက် ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ပါတီဗဟိုကော် မတီဝင် ဦးအောင်ကျော်ညွန့်က တောင်သူလယ်သမားရေးရာကိစ္စနှင့် ပတ်သက်ပြီးဖွဲ့စည်းပုံမှန်ကန်ရန်၊ ပါတီဝင်များ၏ရပိုင်ခွင့်၊ပါတီစည်း မျဉ်းများကို ဆွေနွေးပေးရန်၊ ပါတီ ကျစ်လျစ်ခိုင်မာရေးကို ဦးစားပေး ဆောင်ရွက်ရန်နှင့် ဆက်လက် ဆောင်ရွက်မည့်ရှေ့လုပ်ငန်းစဉ်များ ကို ရှင်းလင်းပြောကြားသည်။ ထို့ နောက်ပြည်နယ်တောင်သူလယ် သမားရေးရာတာဝန်ခံ ဦးစိုင်းဆာ လူက တောင်သူလယ်သမားများ ၏လူနေမှုဘဝဖွံ့ဖြိုးတိုးတက်အောင် မိမိပါတီမှဆောင်ရွက်ပေးရန်၊ မိမိ ကျေးရွာအတွင်းရှိ တောင်သူများ၏ လိုအပ်ချက်များနှင့်စိုက်ပျိုးရေးနည်း ပညာပေးရန်လိုအပ်၊ ဖွဲ့စည်းထား ပြီးသော အဖွဲ့များပိုမိုခိုင်မာလာစေ ရန် စဉ်ဆက်မပြတ်လေ့လာသိရှိနေ ရန်လိုအပ်၊ မိမိတို့ပါတီသည် စနစ် တကျဖွဲ့စည်းထားသည့်ပါတီဖြစ် ကြောင်း ပြည်သူများသိရှိစေရန် ဦးဆောင် ဦးရွက်လုပ်ကိုင်ပြရန်လို အပ်ကြောင်း ပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်မောင်လွင်က တောင်သူ လယ်သမားရေးရာဖွဲ့စည်းထားရှိမှု အခြေအနေနှင့်ပတ်သက်ပြီး ရှင်း လင်းတင်ပြခဲ့သည်။ တက်ရောက် လာကြသော ရပ်ကွက်/ကျေးရွာ တာဝန်ခံများကလည်း ဒေသလိုအပ် ချက်များကို အပြန်အလှန်ဆွေးနွေး ခဲ့ပြီး တွေ့ဆုံပွဲကို နံနက် ၁၁နာရီခွဲ တွင်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။