ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီနှင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ပါတီစည်းကမ်းထိန်းသိမ်းရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိစ္စရပ်များ ရှင်းလင်းဆွေးနွေး

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ချစ်ကြည်ရေး ခရီးရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ နှင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယမန်နေ့ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ချင်းဟိုင်ပါတီသင်တန်းကျောင်းသို့ ရောက်ရှိရာ ပါတီသမိုင်းနှင့် သုတေသနဌာနမှူး ပါမောက္ခ ဟာရွှေချင်းနှင့်အဖွဲ့ဝင်များက ကြိုဆိုခဲ့ကြသည်။
ထို့နောက် ပါတီဧည့်ခန်းမတွင် ပါမောက္ခ ဟာရွှေချင်းက ပါတီစည်းကမ်းထိန်းသိမ်းရေး နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကိစ္စရပ် များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ရာ ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးခင်ရီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပါတီစည်းကမ်းထိန်းသိမ်းရေးကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပါမောက္ခဟာရွှေချင်းက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ပြီးစီးခဲ့သည်။
ယင်းနောက် ချင်းဟိုင်နိုင်ငံတကာရေးရာ ဌာနမှ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲတွင် ချင်းဟိုင် လေဆိပ်မှ MU 2443လယာဉ်ဖြင့်Baiging မြို့သို့ ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင်Wanahou Hotel သို့ ရောက်ရှိခဲ့ပြီး ညအိပ်ရပ်နားခဲ့ကြသည်။

မိုးဇော်(နေပြည်တော်)