ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ လေ့လာရေးခရီးစဉ်သွားရောက်မည့် ပြည်ထောင်စုနယ်မြေလူငယ်အဖွဲ့အား လမ်းညွှန်မှာကြား

 

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု ဆောင် ပြည်ထောင်စုနယ်မြေ ပါတီ ဥက္ကဋ္ဌ ဦးဝေလွင်သည် ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ပြည်ထောင်စု နယ်မြေ ပြည်ခိုင်ဖြိုးပါတီ အစည်း အဝေးခန်းမ၌လူငယ်လှုပ်ရှားမှုအဖွဲ့ ပူးပေါင်းဆောင်ရွက်ရေးနှင့်လေ့လာ ရေးခရီးစဉ်အဖြစ် မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး သို့ သွားရောက်မည့် ပြည်ထောင်စု နယ်မြေ လူငယ် ၁၈ဝတို့နှင့်တွေ့ဆုံ ၍ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည် ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်က လူငယ်အဖွဲ့ဝင်များ အချင်းချင်း နိုင်ငံရေးအခြေအနေ နှင့် ပါတီတွင်း လှုပ်ရှားဆောင်ရွက် မှုများ အပြန်အလှန်ဆွေးနွေးကြရန် နှင့် ဒေသန္တရဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး စေလွှတ်သည့်ခရီးစဉ် ဖြစ်ကြောင်း၊ ပြန်လည်ရောက်ရှိလာ လျှင်လည်း မိမိတို့၏အတွေ့အကြုံ ဗဟုသုတများကိုပြည်ထောင်စုနယ် မြေရှိ လူငယ်အဖွဲ့ဝင်များအား ပြန် လည်မျှဝေရှင်းလင်းခြင်းများဆောင် ရွက်သွားကြရန်ဖြစ်သည့်အတွက် သေသေချာချာ ဆွေးနွေးမှတ်သား ကြခဲ့စေလိုကြောင်းမှာကြားခဲ့သည်။ ထို့နောက် မွန်းတည့် ၁၂ နာရီတွင် တွေ့ဆုံပွဲပြီးဆုံးခဲ့ကြောင်း သိရ သည်။လူငယ်လှုပ်ရှားမှုအဖွဲ့နှီးနှော ဖလှယ်ရေး ခရီးစဉ်ကို ၁၂ ရက် တွင် စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

အောင်အောင်(နေပြည်တော်)