ကလေးဝမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လမ်းခင်းခြင်းလုပ်ငန်းအတွက် အလှူငွေလှူဒါန်း

 

ကလေးဝ ဖေဖော်ဝါရီ ၁၈

ယမန်နေ့ (၁၈.၂.၂၀၁၉) ရက်နေ့တွင် ကလေးဝမြို့နယ် အမှတ် (၃) ရပ်ကွက် အတွင်းရှိ ရွှေတောင်ကြားလမ်း ကိုယ်အား ကိုယ်ကိုး ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ကလေးဝမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ အလှူ ငွေ ငါးသောင်းကျပ်ကို လှူဒါန်းခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပါတီဥက္ကဠဦးတင်ထွန်းလွင်မှ လှူဒါန်းခဲ့ပြီး လမ်းဖြစ်မြောက်ရေး ဦးဆောင်ပြုလုပ်သူ ဦးပေါ်ကာမှ လက်ခံခဲ့ကြောင်းသိရှိရသည်။

သော်ဇင်မင်း