သံတွဲပါတီမိသားစုဝင်များ ကျန်းမာရေးအတွက် မြို့နယ်ပါတီမှ ထောက်ပံ

 

(2.8.2017) နေ့ မွန်းလွဲ (3:00) နာရီအချိန် သံတွဲခရိုင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်အတွင်းရေးမှူး ဒေါ်ဝင်းမင်းမာထွန်း၊ မြို့နယ်ဥက္ကဌ ဦးစန်းနိုင်နှင့် လူငယ် ပါတီဝင်များ၊ အမျိုးသမီးရေးရာ တာဝန်ခံများ ပူးပေါင်း၍ အံတော်ကျေးရွာမှ လူငယ်ပါတီဝင် ကိုအောင်ကို ဝင်း၊ အမျိုးသမီးရေးရာပါတီဝင် မချိုမီထွန်းတို့၏ မိခင်ဒေါ်မနီအား ကျန်းမာရေး ထောက်ပံ့ငွေ (၃) သောင်းကျပ်နှင့် နန်းချောင်းကျေးရွာ ပါတီအတွင်းရေးမှူး ဦးမင်းမင်းဦးသားအတွက် အာဟာရဓါတ်စာများ ပေးအပ် လှူဒါန်းခဲ့သည်။

#ခိုင်ဖြိုး(သံတွဲ)