မ​ကွေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ​ တောင်သူလယ်​သမား​ရေးရာနှင့်​ အလုပ်​သမား​ရေးရာတွေ့ဆုံပွဲ ကျင်းပပြုလုပ်

 

မ​ကွေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ​တောင်​သူလယ်​သမား​ရေးရာနှင့်​ အလုပ်​သမား​ရေးရာတွေ့ဆုံပွဲကို ၃.၈.၂၀၁၇ ​ရက်နေ့ ၀၉း၀၀ နာရီတွင်​ တိုင်းပါတီ အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်​ခဲ့ရာ အခမ်းအနားသို့ ဗဟိုအလုပ်​အမှုဆောင်​၊ ဗဟို​တောင်​သူလယ်​သမား​ရေးရာ ​ကော်​မတီတာဝန်​ခံ ဦး​အောင်​တင်​မြင့်​၊ ဗဟိုအလုပ်​အမှုဆောင်​၊   တိုင်းပါတီဥက္ကဌ ​ဒေါက်​တာ​ မောင်​​မောင်​​ဌေး၊ တိုင်းအတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်​၊ တိုင်းဘဏ္ဍာရးမှူး ဦးကြည်​ထွန်း နှင့်​ တိုင်း​ပါတီ​ကော်​မတီဝင်​များ/အရံ​ကော်​မတီဝင်​များ၊ ၅ ခရိုင်​နှင့်​ ၂၅ မြို့နယ်​တို့မှ ​တောင်​သူ/အလုပ်​သမား​ရေးရာ ကိုယ်​စားလှယ်​များ စုစု​ပေါင်းအင်​အား ၁၃၀ ဦးခန့်​ တက်​​ရောက်​ခဲ့ကြပါသည်​။

အခမ်းအနားအစီအစဉ်​အရ နိုင်​ငံ​တော်​သီချငိး သံပြိုင်​သီဆိုခြင်း၊ တိုင်းပါတီဥက္ကဌမှ အမှာစကား​ပြောကြားခြင်း၊ ဗဟို​တောင်​သူလယ်​သမား​ရေးရာ တာဝန်​ခံမှ ​တောင်​သူလယ်​သမား​ရေးရာ ကဏ္ဍဆိုင်​ရာများ ရှင်းလင်းပြောကြားခြင်းများ ​ဆောင်​ရွက်​ခဲ့ကြပြီး ၁၀. ၂၅ နာရီတွင်​ ပထမပိုင်းပြီး​မြောက်​ခဲ့ပါသည်​။