မကွေးတိုင်းဒေသကြီး မြို့နယ်ပါတီမျက်နှာစုံညီ အစည်းအဝေးများ ကျင်းပ ပြီးစီး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးများကို မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ၌ ကျင်းပပြုလုပ်လျှက်ရှိရာ ဇွန်လ (၂၁) ရက်နေ့တွင် မင်းဘူး၊ အောင်လံ၊ ဆိပ်ဖြူမြို့နယ်များတွင်လည်းကောင်း၊ ဇွန်လ (၂၂) ရက်နေ့တွင် ရေနံချောင်းမြို့နယ်နှင့် ပွင့်ဖြူ မြို့နယ်များတွင် လည်းကောင်း၊ ဇွန်လ (၂၃) ရက်နေ့တွင် ချောက်မြို့နယ်၊ ဆင်ပေါင်ဝဲ မြို့နယ်နှင့် မြိုင် မြို့နယ်တို့တွင်လည်းကောင်း တိုင်းရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်များမှ ကြီးကြပ်လျက် အောင်မြင် စွာကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

စောဝင်းမောင်


Leave a Reply