ကျုံပျော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးခေါင်းဆောင်မှုနှင့်စွမ်းရည်မြှင့်တင်ရေးစကားဝိုင်းဆွေးနွေးပွဲသို့ ပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်းတက်ရောက်

 

ကျုံပျော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် အမျိုးသမီးရေးရာဆောင်ရွက်မှုအဖြစ် ယမန်နေ့ နေ့လယ်တွင် ရေစခန်း တိုက်နယ် အိုင်မကျေးရွာအုပ်စု ၌ အမျိုးသမီးခေါင်းဆောင်မှုနှင့် စွမ်းရည်မြှင့်တင်ရေးစကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူးဧရာဝတီ တိုင်းဒေသကြီးတာဝန်ခံဦးသန်းထွန်း က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီး တာဝန်ခံ ဒေါ်သက်သက်လွင်၊ သာပေါင်းမြို့နယ်မှအတွင်းရေးမှူး (ဥပဒေပညာရှင်)နှင့် အမျိုးသမီး တာဝန်ခံတို့ကဆွေးနွေးခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်း ရေးမှူး ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံဦးသန်းထွန်းခေါင်းဆောင် သော အဖွဲ့သည် ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးသို့ နေ့လယ်ပိုင်းတွင်ရောက်ရှိခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များနှင့်တွေ့ဆုံကာ ပါတီ၏မူဝါဒလုပ်ငန်းစဉ်သဘော တရားများကို ရင်းနှီးပွင့်လင်းစွာရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျုံပျော်မြို့နယ်ပါတီဥက္ကဋ္ဌ၊ ကော်မတီဝင်များက တိုက်နယ်အလိုက် ပါတီလုပ်ငန်းတာဝန်ခွဲဝေဆောင်ရွက်မှုကို မြေပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြခဲ့ကြပြီး ဗဟိုအတွင်းရေးမှူးက ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ပါတီလုပ်ငန်းတာဝန်များကို အရှိန်အဟုန်မပျက်၊ ဟန်ချက်ညီစွာ လုပ်ဆောင်ကြရန် လမ်းညွှန်မှာကြား ခဲ့သည်။ ရေကြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရုံးအဖွဲ့ဝန်ထမ်းများလည်း လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

သန်းနိုင်ဦး(ကျုံပျော်)