ဗန်းမော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီလူငယ်လေ့လာရေးအဖွဲ့ နေပြည်တော်သို့ လာရောက်လေ့လာ

 

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်လေ့လာရေးအဖွဲ့ဝင် ၆၅ ဦးသည် ယခုလ ၅ ရက် နံနက်ပိုင်းက နေပြည်တော်သို့ ရောက်ရှိကြပြီး ညနေပိုင်းတွင် စစ်သမိုင်းပြတိုက်၊ ဆာဖာရီဥယျာဉ်နှင့် အခြားထင်ရှားကျော်စောသည့်နေရာများအား ကြည့်ရှုလေ့လာခဲ့ကြပြီး ဥပ္ပါတသန္တိစေတီတော်မြတ်အား ဖူးမြော် ကြည်ညိုခဲ့ကြသည်။

လူငယ်လေ့လာရေးအဖွဲ့သည် ယခုလ ၆ရက် နံနက် ၈ နာရီက ပါတီသင်တန်းကျောင်းတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးကျော်ကျော်ဌေးအား တွေ့ဆုံနှုတ်ဆက်ခဲ့ကြရာ ဗဟိုကော်မတီ အတွင်းရေးမှူး၏ မိတ်ဆက်သြဝါဒစကားခံယူခဲ့ကြသည်။

လူငယ်လေ့လာရေးအဖွဲ့သည် ယခုလ ၆ ရက် ညနေပိုင်းတွင် နေပြည်တော်မှ ပုဂံ-ညောင်ဦး သို့ထွက်ခွာ၍ ညအိပ်ခဲ့ကြပြီးယမန်နေ့ ညောင်ဦး၊ ရွှေစည်းခုံစေတီ၊ ပုဂံရှေးဟောင်း သမိုင်းဝင်စေတီ ပုထိုးများကိုလှည့်လည် ဖူးမြော်ခဲ့ကြကာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်ဇနီး တည်ထား ကိုးကွယ်လျက်ရှိသော စေတီဝင်းအတွင်း၌ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။