ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းစိန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

U Thein Sein

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်သည် မေလ (၂၆) ရက် နံနက် (၉) နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ရန်ကုန် ရုံးခွဲ၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Hong Liang အား လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် နှစ်နိုင်ငံပါတီအချင်းချင်း ဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး ဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ ထူးချွန်လူငယ်များပညာသင်ဆုချီးမြှင့်ရေး၊ ပညာတော်သင် စေလွှတ်ရေး၊ သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်၍ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ဆက်လက်ကူညီဆောင်ရွက်ပေးရေးကိစ္စများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


Leave a Reply