စက်တင်ဘာအတွက် အကောင်းဆုံး နည်းပြဆုနှင့် ကစားသမားဆုကို ဂွာဒီယိုလာနှင့် ကိန်း ရရှိ

 ပရီးမီးယားလိဂ်၏ စက် တင်ဘာအတွက် တစ်လတာ အ ကောင်းဆုံးနည်းပြဆုကို မန်စီးတီး နည်းပြ ဂွာဒီယိုလာက ရရှိပြီး တစ်လတာအကောင်းဆုံးကစား သမားဆုကို စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ရရှိသည်။

ကိန်းသည် စက်တင်ဘာအတွင်းက ပရီးမီးယားလိဂ်လေးပွဲတွင် သွင်းဂိုး ခြောက်ဂိုးအထိသွင်းယူထားသည်။

ကိန်း (၂၄)နှစ်သည် ကလပ် အတွက်သာမဟုတ်ဘဲ လက်ရွေးစင် အင်္ဂလန်အသင်းအတွက်ပါ ခြေ စွမ်းပြပြီး စက်တင်ဘာအတွင်း က ရှစ်ပွဲတွင် ၁၃ ဂိုးအထိ သွင်းယူ ထားသည်။

ယင်းဆုအတွက် ဒီဘရိုင်၊ အဂူရို၊ ဂရော့စ်၊ လက်စ်ဆဲလီ၊ လူကာကူနှင့် မိုရက်တာတို့ အ မည်စာရင်းတင်သွင်းခံရပြီး ကိန်းက ရရှိခဲ့သည်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာ သည် စက်တင်ဘာအတွင်းက အသင်းကို အကောင်းဆုံးကိုင် တွယ်နိုင်ခဲ့ပြီး လီဗာပူးကို ၅-၀ ဂိုး၊ ၀က်ဖို့ဒ်ကို ၆-၀ ဂိုး၊ ခရစ္စတယ်ပဲ လေ့စ်ကို ၅-၀ ဂိုးနှင့် ချန်ပီယံ ချယ်လ်ဆီးကို ၁-၀ ဂိုး ရလဒ်များဖြင့် အကောင်းဆုံးကိုင်တွယ်နိုင်ခဲ့သည်။

ထိုအတောတွင်း မန်စီးတီး နည်းပြက စပါးသည် ဟယ်ရီကိန်း တစ်ဦးတည်းကို မှီခိုကစားနေရသော အသင်းဖြစ်ကြောင်း ပြောကြားမှုသည် လေးစားမှုမရှိသော ပြောဆိုမှုဖြစ်ကြောင်း စပါးနည်းပြ ပိုချက်တီနိုက ပြောကြားသည်။

ပိုချက်တီနိုက ဂွာဒီယိုလာသည် ဘာစီလိုနာတွင် အောင်မြင်မှုရရှိစဉ် မိမိအနေဖြင့် မက်ဆီတစ်ဦးတည်း အားပြု ကစားနေရသော အသင်းဟု မပြောဆိုခဲ့ကြောင်း ပြောကြားသည်။

ထိုအတောအတွင်း ချယ်လ်ဆီးနည်းပြ ကွန်တီနှင့် ဂျူဗင်တပ် တွင် အတူကစားခဲ့ပြီး ချယ်လ်ဆီး ကို နည်းပြဖူးသော ဗီယာလီက ယခုရာသီ၌ မန်စီးတီးဖလားရရန် ရေပန်းအစားဆုံးဖြစ်ကြောင်း ပြောကြားသည်။

 

-Ref:Goal