လက်စတာ အဝေးကွင်းတွင် မန်ယူကို သရေကစား

498498416849
စပါးနှင့် ချယ်လ်ဆီးပွဲ သရေ(သို့မဟုတ်) စပါးရှုံးလျှင် လက်စတာ ဖလားရမည်

မန်ယူကို အနိုင်ရလျှင် ပရီးမီးယားလိဂ်ဖလားရပြီဖြစ် သော လက်စတာသည် မန်ယူအိမ်ကွင်း၌ နောက်မှလိုက်ကစားကာ တစ်ဂိုးစီ သရေကျခဲ့သည်။

သို့သော် ယနေ့ညတွင် ယှဉ်ပြိုင်မည့် ချယ်လ်ဆီးနှင့် စပါးပွဲတွင် စပါးအသင်း ရှုံးနိမ့်ခဲ့လျှင် (သို့မဟုတ်) သရေကျခဲ့လျှင်  လက်စတာအနေဖြင့် လက်ကျန်ပွဲများမှ ရလဒ်ကို ထည့်ထွက်စရာမလိုဘဲ ဖလားရသွားမည်ဖြစ်သည်။

လက်ကျန်ပွဲများမှ လာမည့်ရာသီချန်ပီယံလိဂ် ၀င်ခွင့်ရရေး ကြိုးပမ်းနေသော နည်းပြ ဗန်ဂါးလ်က မန်ယူတွင် လူစုံထုတ်ထားပြီး လက်စတာကို ဂိုးကန်သွင်းချက် အသာစီးဖြင့် ကစားနိုင်ခဲ့သော်လည်း လက်စတာကို ဂိုးသမား ကတ်စပါရှမိုက်ကယ်၏ လက်စွမ်းပြကာကွယ်မှုများနှင့်အတူ သရေကျခဲ့ခြင်းဖြစ်သည်။

မန်ယူ၌ လူစားဝင်လာသူ ဒီပေးကို လက်စတာဂိုးဧရိယာ အစပ်နားတွင် ဒရင့်ဝါတာက ပွဲပြီးခါနီး လက်ဖြင့် ဆွဲခဲ့သဖြင့် ဒရင့်ဝါတာ နှစ်ဝါတစ်နီဖြင့် ထွက်ခဲ့ရသည်။ ယင်းအတွက် ရရှိသော အလွတ်တည်ကန်ဘောကို ရွန်းနေက တိုက်ရိုက် ကန်သွင်းရာ လက်စတာဂိုးသမား ရှမိုက်ကယ်ပုတ်ထုတ်ကာကွယ်နိုင်ခဲ့သည်။

နည်းပြ ရာနီရေရီ၏ လက် စတာသည် ဒုတိယပိုင်းတွင် မန်ယူဂိုးပေါက်သို့ ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့ပြီး မန်ယူကလည်း ပြန်လည် တိုက်စစ်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း မာရှယ်၏ ပွဲ အစ ရှစ်မိနစ်၌ သွင်းယူသော ဂိုးနှင့် လက်စတာနောက်ခံလူ မော်ဂန်၏ ခေါင်းတိုက်ချေပဂိုးတို့မှလွဲ၍ နှစ်ဖက်အသင်းထပ်မံ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပေ။

ယင်းရလဒ်ကြောင့် မိမိတို့ အိမ်ကွင်းတွင် လက်စတာကို ဖလားယူခွင့်ပြုမည်မဟုတ်ဟု မန်ယူနည်းပြ ဗန်ဂါးလ်၏ ပွဲမတိုင်မီ ပြောကြားချက် မှန်ကန်ခဲ့သည်။

—Ref:BBC/Goal


Leave a Reply