ဖက်ဒဲရာနှင့် ရှာရာပိုဗာ ရှန်ဟိုင်းမာစတာပြိုင်ပွဲတွင် အသီးသီးဗိုလ်စွဲ

ဝင်ဘယ်ဒန်ချန်ပီယံ ရော်ဂျာဖက်ဒဲရာက ကမ္ဘာ့နံပါတ် (၁) ရာဖေးလ်နာဒယ်ကို ရှန်ဟိုင်းမာစတာပြိုင်ပွဲတွင် အနိုင်ရပြီး၂၀၁၇ အတွင်း ခြောက်ကြိမ်မြောက်ဖလားဆွတ်ခူးသွားသည်။

၂၀၁၇ အတွင်း လေးပွဲသာ ရှုံးနိမ့်ထားသော ဆွစ်ဇာလန်ဂန္ထ၀င် ဖက်ဒဲရာသည် နာဒယ်ကို ၆-၄၊ ၆-၃ ဖြင့် ၇၂ မိနစ်အတွင်း အနိုင်ရခဲ့ပြီး ၎င်း၏ ပါရမီစွမ်းရည် ပြသခဲ့သည်။ ယင်းမှာ နာဒယ်ကို ငါးကြိမ်ဆက် အနိုင်ရရှိခြင်း ဖြစ်သည်။

ရှန်ဟိုင်းမာစတာဖလား သည် ဂရင်းဆလင် ချန်ပီယံဆု (၁၉) ကြိမ်ရ ဖက်ဒဲရာအတွက် ၉၄ လုံးမြောက် ဖလားဖြစ်ပြီး အီဗန်လင်ဒယ်၏ စံချိန်ကို လိုက်မီသွားသည်။ အမေရိကန်ကစားသမားဂျင်မီကော်နားစ်တစ်ဦးသာ ဖလား ၁၀၉ လုံးဖြင့် ၎င်းတို့၏အထက် တွင်ရှိနေသည်။

တီယန်ကျင်း အိုးပင်းဗိုလ်လု ပွဲတွင် ကမ္ဘာ့နံပါတ် (၁) တင်းနစ် မယ်ဟောင်း မာရီယာရှာရာပိုဗာ က ဆာကလင်ကာကို ခက်ခက်ခဲခဲ ကစားပြီးမှ အနိုင်ရခဲ့ပြီး ၂၀၁၅ မေလ နောက်ပိုင်း ပထမဆုံးဖလားကို ကိုင်မြှောက် နိုင်ခဲ့သည်။ ယင်းမှာ ဂရင်းဆလမ်းဖလားငါးကြိမ်ရ ရုရှားကြယ်ပွင့်အတွက် (၃၆) ကြိမ်မြောက် ချန်ပီယံဆု ဖြစ်သည်။

-Ref:BBC