ဘောလုံးကာကွယ်ရင်း အသက်ပေးခဲ့ရတဲ့ အင်ဒိုနီးရှား ဂိုးသမား

အင်ဒိုနီးရှားမှ နာမည်ကျော်ကလပ်အသင်းတစ်သင်းဖြစ်သည့် ပါဆယ်လာအသင်း ၏ ဂိုးသမား ချိုင်ရယ်ဟူဒါ (၃၈နှစ်)သည် ဆီမန် ပန်ဒေါင်းနှင့်ကစားခဲ့သော ပြည်တွင်းလိဂ်ပွဲတွင် ၎င်း၏ အသင်းဖော်နှင့် ထိခိုက်မိရာမှ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ၌ သေဆုံးခဲ့ကြောင်းသိရ သည်။

အဆိုပါပွဲတွင် ပထမပိုင်း(၄၄)မိနစ်၌ ဆီမန်ပန်ဒေါင်းအသင်း တိုက်စစ်ဆင်လာစဉ် ချိုင်ရယ်ဟူဒါမှာ ဂိုးမပေးရအောင် တားဆီးရာမှ အသင်းဖော်နောက်ခံလူ ရာမွန်ရိုဒရီဂွက်ဇ်နှင့် ထိခိုက်မိခဲ့ပြီး ဦးခေါင်းနှင့် လည်ပင်း၌ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

ချိုင်ရယ်ဟူဒါကို တာဝန်ရှိသူများက ရှေးဦးသူနာပြုစုကာ ဆေးရုံသို့ အလျင်အမြန်တင်ပို့ခဲ့သော်လည်း နာရီ အနည်းငယ် အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

ချိုင်ရယ်ဟူဒါသည် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀တွင် ပါဆယ်လာတစ်သင်းတည်း၌ ၁၉၉၉ခုနှစ်မှ စတင် ကစားခဲ့ပြီး (၁၆)နှစ်တာကာလအတွင်း ပွဲပေါင်း(၅၀၀)ကျော်ကစားခဲ့သူဖြစ်သည်။

ချိုင်ရယ်ဟူဒါသည် အင်ဒိုနီးရှားအသင်းတွင် ၂၀၁၄မှ ၂၀၁၅ ခုနှစ်အထိ ရွေးချယ်ခံခဲ့ရဖူးသော်လည်း တစ်ပွဲမှ ကစားခွင့် မရခဲ့ကြောင်သိရသည်။

Ref: Daily Mail