ဘာစီလိုနာခံစစ်မှူး အဲလ်ဗက်စ် ဂျူဗင်းတပ်စ်သို့ ပြောင်းရွှေ့ရန် နီးစပ်လာ

13344663_1022308681197286_8958997401203399631_n

ဘာစီလိုနာ နောက်ခံလူ ဒန်နီအဲလ်ဗက်စ်သည် အီတလီ စီးရီးအေ ချန်ပီယံ ဂျူဗင်းတပ်စ်သို့ အတည်ပြု ပြောင်းရွှေ့ရန် နီးစပ်နေပြီဟု သိရှိရသည်။

အသက်(၃၃)နှစ်အရွယ် ဘရာဇီးလ် ညာတောင်ပံ ခံစစ်သမားသည် တူရင်အခြေစိုက် အသင်းတွင် တစ်နှစ်လုပ်ခ ယူရို (၄)သန်းဖြင့် (၂)နှစ် စာချုပ်မည်ဟု သတင်းများက ဆိုသည်။ အကယ်၍ နှစ်ဖက် အဆင်ပြေပါက နောက်ထပ် စာချုပ် တစ်နှစ် အလိုအလျောက် တိုးမြှင့်နိုင်မည့် သဘောတူညီချက်ကိုလည်း တစ်ပါတည်း ထည့်သွင်းချုပ်ဆို သွားမည် ဖြစ်သည်။ အဲလ်ဗက်စ်သည် ဆီဗီးလားမှ ပြောင်းရွှေ့ပြီးနောက် ဘာစီလိုနာတွင် ဘောလုံးရာသီ (၈)ခု ဖြတ်သန်း ကုန်ဆုံးပြီးနောက် အသင်းမှ အလွတ်ထွက်ခွာရန် စီစဉ်လာခဲ့သည်။

ဂျူဗင်းတပ်စ်နည်းပြ မက်ဆီမီလီယာနို အယ်လာဂရီသည် လက်ရွေးစင်အတွက် (၈၉)ကြိမ် ကိုယ်စားပြုဖူးသည့် အတွေ့အကြုံရင့် ကစားသမားအပေါ် အလေးအနက် အထင်ကြီး နှစ်သက်နေကြောင်း သိရသည်။ လက်ရှိ ဂျူဗင်းတပ်စ် ညာခြမ်းတွင် တိုက်စစ်အားပြု တောင်ပံခံစစ်သမား စတီဖန် လိခ်ျစတိုင်းနားသည် အဲလ်ဗက်စ် ရောက်ရှိလာသည့်တိုင် ၎င်း၏ စာချုပ်သက်တမ်း ကုန်ဆုံးမည့် (၂၀၁၇)ခုနှစ်ထိ ဆက်နေနိုင်ပြီး အငှား ခေါ်ယူထားသည့် ဟွမ်ကွာဒရာဒိုကမူ ချယ်လ်ဆီးသို့ ပြန်သွားရန် သေချာသလောက် ရှိနေသည်။

ဂျူဗင်းတပ်စ်သည် လတ်တလောတွင် ဘာစီလိုနာ အသင်း၏ ကွင်းလယ်ခံစစ်သမား ဟာဗီးယား မာရှေယာနိုကိုလည်း ခေါ်ယူနိုင်ရန် ချိတ်ဆက်နေဆဲ ဖြစ်သည်။

Ref: Goal


Leave a Reply