ဖာဂူဆန် စံချိန်မျိုး ရယူလိုဟု မော်ရင်ဟိုပြောကြား

Britain Football Soccer - Manchester United - Jose Mourinho Press Conference - Old Trafford - 5/7/16 New Manchester United manager Jose Mourinho poses ahead of the press conference REUTERS/Andrew Yates

မန်ယူအသင်းက နည်းပြ သစ် မော်ရင်ဟိုကို အင်္ဂါနေ့တွင် တရားဝင်မိတ်ဆက်ခဲ့ရာ မော်ရင် ဟိုက ဆာအဲလက်စ် ဖာဂူဆန်တင် ထားသော စံချိန်ကို အမီလိုက် လိုသည်ဟု ပြောကြားသည်။

ဖာဂူဆန်ကိုင်တွယ်ခဲ့သည့် (၂၇) နှစ်တာကာလ အဆုံးသတ် ပြီးနောက်ပိုင်း မန်ယူအသင်းသည် ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ် နိုင်သော အခြေအနေသို့ ပြန်လည် ရောက်ရှိရေး နည်းပြဗန်ဂါးလ်၏ နေရာတွင် မော်ရင်ဟိုအား အစား ထိုးခန့်အပ်ခဲ့သည်။

မော်ရင်ဟိုသည် ၎င်းကိုင် တွယ်ခဲ့သော အသင်းများတွင် သက်တမ်းမကြာသည့် ရာဇ၀င် ရှိပြီး အသင်းမှ ထွက်ခွာချိန်၌ ယင်းအသင်းမှာ ဖရိုဖရဲဖြစ်၍ ကျန် လေ့ရှိသည်။

သို့သော် အိုးထရက်ဖို့ဒ်တွင် ဖာဂူဆန်ပုံစံ သမိုင်းမှတ်တိုင်မျိုး တည်ဆောက်လိုသည်ဟု မော် ရင်ဟိုက ပြောသည်။

‘‘ဆာအဲလက်စ်ရဲ့ စံချိန်ကို ကျွန်တော် အမီလိုက်ချင်တယ်ဆို တာ ကွယ်ဝှက်ထားလို့ မရပါဘူး။ ဒါက လူတိုင်း လိုချင်တဲ့ အလုပ် တစ်ခုပါ။ ဒါပေမဲ့ လူတိုင်း ဒီနေရာကို ရဖို့အခွင့်အရေး မရှိပါဘူး။ ကျွန်တော် အဲဒီအခွင့်အရေးကို ရထားပြီ’’ ဟု မော်ရင်ဟိုက သတင်းစာရှင်းလင်းပွဲတွင် ပြော သည်။

မန်ယူအသင်း ချန်ပီယံလိဂ် တွင် ကစားခွင့်မရခြင်းကြောင့် စိတ်မကောင်းဖြစ်မိသည်ဟု ၎င်း က ပြောသည်။

ထို့ပြင် မော်ရင်ဟိုက ရွန်းနေ ကို ကွင်းလယ်တွင် လုံးဝထည့်သုံးမည်မဟုတ်ဘဲ လာမည့်ရာသီတွင် မန်ယူတိုက်စစ်မှူး အဖြစ် အသုံးပြုသွားမည်ဟု ပြောသည်။

၂၀၁၃ က မန်ယူနည်းပြ ရာထူးမှ အနားယူသွားသော ဖာဂူဆန်သည် မန်ယူအတွက် ပရီးမီးယားလိဂ်ဖလား ၁၃ လုံး၊ ချန်ပီယံလိဂ်ဖလားနှစ်လုံး အပါအ၀င် ဆု ဖလား ၃၈ လုံး ရယူပေးခဲ့သည်။

—Ref: Goal


Leave a Reply