တားမြစ်ဆေးသတင်းထွက်လာ၍ ကစားသမားဘဝတွင် တိုင်ဆန်ဖြူရီ ဆက်ရှိရန်မသေချာ

ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖြူရီသည် တားမြစ်ဆေးနှင့် ပတ်သက်သော သတင်းများကို ရှောင်လွှဲနိုင်ရန် အတွက် ပေါင် နှစ်သောင်းခွဲအထိ သုံးစွဲခဲ့ကြောင်း သတင်းထွက်လာခဲ့သည်။ တိုင်ဆန်ဖြူရီသည် ဗြိတိန် တားမြစ်ဆေး ဆန့်ကျင်ရေးအဖွဲ့၏ စစ်ဆေးမှုကို ခံခဲ့ရပြီး ၄င်းနှင့် ၄င်းအစ်ကိုတို့ နှစ်ဦးစလုံးမှာ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် တားမြစ်ဆေးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါကာလတွင် ၄င်းက အစားအသောက် စီမံပေးရသူကို လက်ညှိုးထိုး၍ အပြစ်လွှဲချခဲ့သည်။

ယခုအခါတွင် ၄င်း၏ လက် ဝှေ့အဖွဲ့ဝင်ဟောင်းတစ်ဦးက တိုင် ဆန်ဖြူရီသည် အစားအသောက် စီမံပေးရသူကို အပြစ်တင်ရန်အတွက် ကြိုတင်ဇာတ်တိုက်ထားခဲ့ပြီး ပေါင်နှစ်သောင်းခွဲပေးခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ဖော်ပြောကြား ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၄င်းသည် တားမြစ်ဆေးဆန့်ကျင်ရေးအဖွဲ့၏ အာရုံစိုက်မှုကို ပြန်လည် ရင်ဆိုင်ရတော့မည်ဖြစ်ပြီး ကစားသမားဘဝတွင် ဆက်ရှိနိုင်ရန်မသေချာတော့ပေ။

တိုင်ဆန်ဖြူရီသည် ပြီးခဲ့သော ဖေဖော်ဝါရီလက ဒီယွန်တေး ဝယ်လ်ဒါနှင့် ထိုးသတ်ခဲ့သောပွဲတွင် ခုနစ်ချီ၌ အနိုင်ရခဲ့သူဖြစ်သည်။ သို့သော် ၄င်းသည် ကစားသမားဘဝ၌ အငြင်းပွားဖွယ်ပြဿနာများစွာ ကြုံတွေ့ခဲ့ရသူလည်း ဖြစ်သည်။ ကလစ်ရှ်ကိုနှင့် ထိုးသတ်ရန်စီစဉ်ခဲ့သည့်ပွဲကို ကြံ့ခိုင်မှုမပြည့် ခြင်းအကြောင်းပြ၍ ရှောင်လွှဲခဲ့ သော်လည်း ကိုကင်းသုံးထား၍ မထိုးနိုင်ခြင်းဟု သတင်းထွက်ခဲ့ဖူးသည်။ Ref; BBC