မက္ကဆီကိုတွင် သတင်းထောက်တစ်ဦးအား သတ်ဖြတ်သူများကို အစိုးရက ဖမ်းဆီးပေးရန် ဆန္ဒပြ

မူးယစ်မှောင်ခိုကုန်ကူးဂိုဏ်းများ ကြီးစိုးရာ မက္ကဆီကိုနိုင်ငံတွင်  ယခုနှစ်အတွင်း ငါးဦးမြောက်အဖြစ် လူသိ ထင်ရှားသော သတင်းထောက်တစ်ဦးအား သတ်ဖြတ်ခဲ့ကြသူများကို ဖမ်းဆီးပေးရန် မီဒီယာနှင့် အခွင့်အရေး အုပ်စုများက မေ ၁၆ ရက်တွင် တောင်းဆိုဆန္ဒပြကြသည်။

နိုင်ငံတွင်းက သတင်းစာကြီးများ၏ ရှေ့စာမျက်နှာမှတစ်ဆင့် ဆန္ဒပြသဘောထားကို ဖော်ပြခဲ့သကဲ့သို့ မြို့တော် အချက်အချာတွင် ဂျာနယ်လစ်များက အသတ်ခံရသူ အသက် ၅၀ ရှိ ဂျာဗီယာဗယ်ဒက်ဇ်၏ ဓာတ်ပုံများကို ကိုင်ဆောင်ကာ ချီတက်ဆန္ဒပြသည်။ ဂျာဗီယာသည် မေ ၁၅ ရက်က  အရှေ့မြောက်ပိုင်း စီနာလိုအာ ပြည်နယ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်။

သတင်းဆုရ ဂျာဗီယာသည် မက္ကဆီကို၌ သွေးထွက်သံယိုသေဆုံးမှုများစွာရှိသော မူးယစ်ဆေးဝါးစစ်ပွဲများနှင့် ပတ်သက်ပြီး အထူးသတင်းလိုက် ရေးသားသူဖြစ်သည်။ ၎င်းသည် AFP အတွက်လည်း ဆယ်စုနှစ်ကျော် သတင်းရေးသားပေးပို့ခဲ့သည်။

ယခု ထင်ရာစိုင်းရမ်းကားသည့် ရာဇ၀တ်မှုအတွက် စုံစမ်းစစ်ဆေးရန် အမိန့်ထုတ်ထားပြီးဖြစ်ကြောင်း သမ္မတ ပီနာနီတိုက ပြောသည်။ ထိုပြင် သတင်းလွတ်လပ်ခွင့်ကို ကာကွယ်သွားမည်ဟု သံန္ဒိဌာန်ချ ပြောဆိုကာ “ကျွန်တော်တို့ ဒီမိုကရေစီအတွက် သတင်းလွတ်လပ်ခွင့်က အခြေခံမူပါပဲ။”ဟု ၎င်းက ဆိုသည်။

ဂျာနယ်လစ်များ သတ်ဖြတ်ခံနေရသည့် မူခင်းဖြစ်စဉ်များတွင် သမ္မတ ပီနာနီတို၏ ယခုလို လူသိရှင်ကြား တုံ့ပြန် လာခြင်းက ပထမဆုံးအကြိမ်ဖြစ်ပြီး ၎င်းအပေါ် ဖိစီးမှုများ မြင့်တက်လာနေသည့် လက္ခဏဖြစ်ကြောင်း သတင်း လွတ်လပ်ခွင့် လှုပ်ရှားမှုအဖွဲ့ဖြစ်သော Articulo 16 က ထုတ်ပြန်သည်။

Ref; AFP