မိုင်ပေါင်း ၃၅၀ ကို မရပ်မနား ပြေးနိုင်သူ မာရသွန်သမား

341AA15F00000578-3588109-image-m-10-1463103200985

အမေရိကန်မှာနေထိုင်တဲ့ မာရသွန်အပြေးသမားတစ်ဦးဟာ ထူးဆန်းတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံကြောင့် မိုင်ပေါင်း ၃၅၀ ကို မရပ်မနား ပြေးလွှားနိုင်သူ ဖြစ်ပါတယ်။

သူ့ရဲ့ခန္ဓာကိုယ်အတွင်းမှာ ကြွက်သားတွေအတွင်းရှိနေတဲ့ အက်ဆစ်ဓာတ်တစ်မျိုး ရှိနေတာကြောင့် ဒီစွမ်းအင်ကို ရရှိထားတာဖြစ်ပါတယ်။ အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ အမေရိကန် နိုင်ငံသား ဒင်းကာနက်ဇ်ဟာ မာရသွန်အပြေးသမား ဘဝအတွင်း အနုတ ၁၃ ဒီဂရီအထိတောင် အေးခဲနေတဲ့ တောင်ဝင်ရိုးစွန်းကိုလည်းဖြတ်ကျော်ပြီး မာရသွန် ပြေးခဲ့ဖူးပါတယ်။ သူ့ရဲ့ စံချိန်ကတော့ နာရီပေါင်း ၈၀ နာရီနဲ့ ၄၄ မိနစ်တိတိ လုံးဝ မအိပ်ပဲ မိုင်းပေါင်း ၃၅၀ ကိုမရပ်မနား မာရသွန် ပြေးခဲ့တာဖြစ်ပါတယ်။ ၂၀၀၆ အတွင်းမှာလည်း ဒင်းကာနက်ဇ်က ပြည်နယ်ပေါင်း ၅၀ မှာ မာရသွန်ပြိုင်ပွဲ ၅၀ ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

ထူးခြားတဲ့ သူ့ရဲ့အကျင့်ကတော့ မာရသွန်ပြေးနေရင်း အိပ်ချင်လာရင် ခဏလောက် ငိုက်မှေးရင်းနဲ့ ခပ်ဖွဖွ ဆက်ပြေးနေတတ်တာ ဖြစ်ပါတယ်။ ဆရာဝန်တွေ စမ်းသပ်ချက်အရ သူ့ရဲ့ခန္ဓာကိုယ်ဟာ အဆီပါဝင်မှုနှုန်း အလွန်နည်းပါးပြီး ပင်ပန်းမှု ခံနိုင်စွမ်းရည် အလွန်မြင့်တက်လျှက်ရှိတယ်လို့ သိရပါတယ်။

Source : Daily Mail


Leave a Reply