စီအက်စ်ကေအေ ရုရှားလိဂ်ချန်ပီယံဆုဆွတ်ခူး

347BE68D00000578-0-image-a-30_1463909558604

ကာဇန် –  စီအက်စ်ကေအေအသင်းသည် မထင်မှတ်ဘဲ ချန်ပီယံ ဆုစိန်ခေါ်သူဖြစ်လာသော ရော့ စကော့အသင်းအား ကျော်ဖြတ် ၍ ရုရှားပရီးမီးယားလိဂ်သရဖူကို ခြောက်ကြိမ်မြောက် ဆွတ်ခူးသွားသည်။

ထိုအတောအတွင်း ဆိုဗီယက်ခေတ်အင်အားကြီးအသင်း ဖြစ်ခဲ့သော ဒိုင်နမိုမော်စကိုသည် ပထမဆုံးအကြိမ် တန်းဆင်းသွားသည်။

အဝေးကွင်းသို့ လိုက်ပါလာသော ထောင်ချီသည် ပရိသတ်များ၏ အားပေးမှုနှင့်အတူ စီ အက်စ်ကေအေက အစောပိုင်း ရရှိထားသည့် ဂိုးကို ထိန်းသိမ်းကာ ရူဘင်ကာဇန်ကို ၁-၀ ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။

ရူဘင်ကာဇန်ကသာ ချေပဂိုးသွင်းယူခဲ့ပါက ရော့စတော့ အသင်းက ထိပ်တိုက်တွေ့ဆုံမှုတွင် အသာစီးရထားသဖြင့် စီအက်စ်ကေအေက ချန်ပီယံဆု လက်လွှတ်ရမည်ဖြစ်သည်။

ရူဘင်ကာဇန်၏ ခံစစ်အာရုံ လျော့သွားချိန်တွင် အလန်ဒီဇာ ဂျော့ဖ်က စီအက်ကေအေအ တွက် အသက်တမျှ အရေးပါသော ဂိုးကို ၁၉ မိနစ်၌ သွင်းယူခဲ့သည်။

ရုရှားလိဂ်ဒုတိယရရှိသော  ရော့စတော့အသင်းသည် ချန်ပီယံလိဂ်ခြေစစ်ပွဲကစားခွင့်ရမည် ဖြစ်ကာ ဒုတိယနေရာမှ ဇင်းနစ်နှင့် စတုတ္တနေရာမှ ခရက်စ်နိုဒါတို့ယူရိုပါလိဂ်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။

ဇင်းနစ်ကို ၃-၀ ဂိုးဖြင့် ရှုံး နိမ့်ခဲ့သော ဒိုင်နမိုမော်စကိုအ သင်းသည် (၉၃) နှစ် သမိုင်းတွင်ပထမဆုံးအကြိမ် တန်းဆင်းသွားပြီဖြစ်သည်။

—Ref:AP


Leave a Reply