ပီအက်စ်ဂျီအတွက် နောက်ဆုံးပွဲတွင် မိုဗစ် နှစ်ဂိုးသွင်းယူပြီး ဖလားရယူပေး

epa05306848 Zlatan Ibrahimovic (C) of Paris Saint Germain flanked by teammates celebrates with the French Ligue 1 title after their soccer match against FC Nantes at the Parc des Princes stadium in Paris, France, 14 May 2016. Zlatan Ibrahimovic plays his last Ligue 1 match with PSG.  EPA/YOAN VALAT

ပါရီ- ပြင်သစ်ဖလားဗိုလ်လုပွဲတွင် ပီအက်စ်ဂျီအသင်းမှ ဆွီဒင်တိုက် စစ်မှူး အီဗရာဟီမိုဗစ်၏ သွင်း ဂိုးနှစ်ဂိုးနှင့်အတူ မာဆေးလ်အ သင်းကို အနိုင်ရပြီး ၂ နှစ်ဆက်တိုက် ပြင်သစ်ဖလား ရယူနိုင်ခဲ့ သည်။

ပီအက်စ်ဂျီအတွက် မာတူဒီသွင်းယူသော ဗွေဆော်ဦးဂိုးကို  မာဆေးလ်မှ ဖလော်ရီယန် သော်ဗင်က ချေဖျက်ခဲ့ ပြီးနောက် အီဗာရာဟီမိုဗစ်က ပင်နယ်တီမှ တစ်ဆင့် ဂိုးသွင်းယူခဲ့သည်။

ပီအက်စ်ဂျီတွင် လေးနှစ် ကစားပြီးနောက် ထွက်ခွာတော့ မည့် ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဗရာဟီမိုဗစ်သည် ကာဗာနီသွင်းယူသော တတိယဂိုးကို ဖန်တီးပေးခဲ့ပြီး မီခေးဘက်ချွာယီ၏ နှစ်သိမ့် ဂိုးမတိုင်မီ ပီအက်စ်ဂျီအတွက် စတုတ္ထဂိုးသွင်းယူခဲ့သည်။

အီဗရာဟီမိုဗစ် (၃၄) နှစ် သည် ပီအက်စ်ဂျီအတွက် ပွဲပေါင်း၁၈၀ တွင် ၁၅၆ ဂိုးသွင်းယူနိုင်ခဲ့ ကာ ပီအက်စ်ဂျီ၏ ထာဝရဂိုးသွင်း ဘုရင်ဖြစ်လာပြီး မည်သည့်အ သင်းသို့ ပြောင်းရွှေ့မည် မသိ ရသေးမီ ယူရို ၂၀၁၆ ပြိုင်ပွဲ၌ ဆွီဒင်လက်ရွေးစင်အသင်းကို ဦး ဆောင်မည်ဖြစ်သည်။

ပြင်သစ်လီဂူးဝမ်း၏ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ပြီး တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုရ အီဗရာဟီမိုဗစ်သည် ခြေသလုံးဒဏ်ရာကြောင့် လေ့ကျင့်ခန်းအနည်းငယ်သာ ပြုလုပ်နိုင်ခဲ့သော်လည်း ပီအက်စ်ဂျီအတွက် ဗိုလ်လုပွဲတွင် လူစားဝင်ကစားခဲ့ခြင်းဖြစ်သည်။

ပီအက်စ်ဂျီသည် ယခုအခါ ပြည်တွင်းဖလားသုံးလုံး ကို ၂ နှစ် ဆက်တိုက်ရယူနိုင်သော အသင်းဖြစ်သည်။

ယင်းပွဲတွင် မာဆေးလ်အသင်း၏ ထိပ်တန်းဂိုးသွင်းရှင် ဘယ်လ်ဂျီယံလက်ရွေးစင် ဘက် ချွာယီက ၎င်း၏ ယခုရာသီ ၂၂ ဂိုးမြောက်ဂိုးကို မာဆေးလ်အသင်းအတွက် နှစ်သိမ့်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ပီအက်စ်ဂျီ ကို ၄-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ရာသီကုန်တွင် ပီအက်စ်ဂျီမှ ထွက်ခွာမည်ဟု ယခင်က ကြေညာထားသည့် တိုက်စစ်မှူး အီဗရာဟီမိုဗစ်သည် ၎င်းယခင်ကစားခဲ့သော အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့မည်ဟု သတင်းများက ဖော်ပြထားသည်။ မိမိအနေဖြင့် ပီအက်စ်ဂျီသို့ ဘုရင်တစ်ဆူကဲ့သို့ ရောက်ရှိလာပြီး ဒဏ္ဍာရီထဲက သူရဲကောင်း တစ်ဦးကဲ့သို့ ထွက်ခွာမည်ဟု ယခင်က ပြောကြားခဲ့သည်။

—Ref:BBC


Leave a Reply