အာရှပါရာဂိမ်းပြိုင်ပွဲတွင် ရေကူးအားကစားတွင် အောင်မြင့်မြတ်က ငွေတံဆိပ် ဆွတ်ခူး

အာရှပါရာဂိမ်းပြိုင်ပွဲ တတိယနေ့ထိတော့ ရေကူးအားကစားနည်းကနေ အောင်မြင့်မြတ်က ငွေတံဆိပ် တဆု ဆွတ်ခူးပေးနိုင်ခဲ့ပြီး နိုင်ငံအလိုက် အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။

နိုင်ငံပေါင်း ၄၃ နိုင်ငံကနေ မသန်စွမ်း အားကစားသမားပေါင်း ၂၈၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံက အားကစားနည်း ၄ မျိုးနဲ့ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ ပြေးခုန်ပစ်၊ ရေကူး၊ စစ်တုရင်၊ ထိုင်လျက်ဘော်လီဘော အားကစားနည်းတို့ကနေ ကစားသမား ၂၆ ဦးနဲ့သွား ရောက်ယှဉ်ပြိုင်နေတာပါ။

မြန်မာမသန်စွမ်း အားကစားအဖွဲ့တွေဟာ နှစ်စဉ်နှစ်တိုင်း ဆုတံဆိပ်တွေနဲ့ လွဲချော်ခြင်းမရှိဘဲ နိုင်ငံဂုဏ် ဆောင်နေသူတွေလည်း ဖြစ်ပါတယ်။

နိုင်ငံလိုက် ထိပ်ဆုံးနေရာမှာတော့ တရုတ်နိုင်ငံက ရွှေ ၁၀ခု၊ ငွေ ၅ခု၊ ကြေး ၃ ခုနဲ့ ရပ်တည်နေပြီးတော့ ဂျပန်၊ ဥဇဘက်ကစ္စတန်၊ ဟောင်ကောင်၊ ဖိလစ်ပိုင်၊ တို့ရပ်တည်နေပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ အိမ်ရှင် အင်ဒိုနီးရှားက အဆင့် ၆၊ ဗီယက်နမ်ကအဆင့်၇၊ လာအိုနဲ့ စင်ကာပူက အဆင့် ၈ နဲ့ ထိုင်းတို့ကအဆင့် ၁၂နေရာမှာ ရပ်တည်လျက်ရှိပါတယ်။ Source:DVB