အရက်သောက်ပြီး ယာဉ်မောင်းခဲ့တယ်လို့ ဟူဂိုလိုရစ် ၀န်ခံ

စပါးဂိုးသမား လိုရစ်က လန်ဒန်မြို့မှာ ရဲအဖွဲ့ရဲ့ တားဆီးခံရချိန် သူ့အနေနဲ့ ခွင့်ပြုထားတာထက်ပိုပြီး အရက်သောက်ထားခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။

သြဂုတ်လ(၂၄)ရက်အစောပိုင်းမှာ ပြင်သစ်ဂိုးသမားလည်း ဖြစ်တဲ့ လိုရစ်ဟာ ရဲအဖွဲ့ရဲ့တားဆီးစစ်ဆေးခြင်းကို ခံခဲ့ရပြီးနောက် အရက်သောက်ပြီး ယာဉ်မောင်းခဲ့တယ်ဆိုတဲ့ စွဲချက်တင်ခံခဲ့ရတာပါ။ အသက်(၃၁)နှစ်အရွယ် လိုရစ်အနေနဲ့ Westminster Magistrates’ တရားရုံးမှာ လာရောက် အစစ်ဆေးခံစဉ် အပြစ်ရှိကြောင်း ၀န်ခံခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း လိုရစ်ဟာ ပေါင်(၅၀၀၀၀)ဒဏ်ရိုက်ခံခဲ့ရပြီး ယာဉ်မောင်းခွင့်လ(၂၀) ပိတ်ပင်ခြင်း ခံခဲ့ရပါတယ်။ ဒါ့အပြင် စပါးအသင်းကလည်း ဂိုးသမားလိုရစ်ကို နှစ်ပတ်လုပ်ခလစာ ပေါင်(၃၀၀၀၀၀) ဒဏ်ရိုက်သွားမယ်လို့ သိရပါတယ်။    

 -Ref; Sky sports