ရော်နယ်ဒို၏ ကမ်းလှမ်းမှုကို ပယ်ချပြီး စပိန်အခွန်အာဏာပိုင်များက ယူရို ၂၈ သန်း တောင်းဆို

ရီးရဲလ်မက်ဒရစ်တိုက် စစ်မှူး ရော်နယ်ဒိုက ၎င်း၏ အခွန် လိမ်လည်မှုကိစ္စ ဖြေရှင်းရေး ယူရို ၁၄ သန်းပေးချေရန် ကမ်းလှမ်း သော်လည်း စပိန်အခွန်အာဏာ ပိုင်များက ပယ်ချခဲ့သည်။

လျှော့ချထားသော ထောင်ဒဏ် ၂ နှစ်နှင့် အလဲအထပ်ပြုလုပ်ရန် ယူရို ၁၄ သန်းကမ်းလှမ်းမှုအပြင် အပြစ်ရှိကြောင်း ဝန်ခံရန် ပြင်ဆင်ခဲ့သည်။ ယခင်က အပြစ်ကျူးလွန်ခြင်း မရှိသဖြင့် စပိန် ရာဇဝတ်မှု ဥပဒေအရ ရော်နယ်ဒို သည် အကျဉ်းကျခံစရာ မလိုပေ။

ရော်နယ်ဒို (၃၃) နှစ်သည် ၎င်း၏ ပုံရိပ်မူပိုင်ခွင့်ဝင်ငွေမှနေ၍ အခွန်အာဏာပိုင်များကို ယူရို ၁၄  ဒသမ ၈ သန်း လိမ်လည်ခဲ့သည် ဟု ပြီးခဲ့သည့်နှစ် ဇွန်လတွင် စပိန်အစိုးရ ရှေ့နေများက စွပ်စွဲသည်။

စပိန်အာဏာပိုင်များက ရော်နယ်ဒို၏ ကမ်းလှမ်းမှုကို ပယ် ချပြီး ၎င်းအနေဖြင့် လိမ်လည်ခဲ့သော အခွန်ငွေ ယူရို ၁၄ ဒသမ ၇ သန်းအပြင် အတိုးဒဏ်ငွေနှင့် ကုန်ကျစရိတ်များပါ ကျခံရမည် ဟု ပြောကြားပြီး ယူရို ၂၈ သန်း ပေးချေရန်  တောင်းဆိုသည်။

ရော်နယ်ဒိုအနေဖြင့် ဇွန်လ ၁၅ ရက် မတိုင်မီ ယင်းပမာဏကို ပေးချေရမည်ဖြစ်ကာ သို့မဟုတ် ပါက ကမ္ဘာ့ဖလားမှ ပြန်လာချိန် တွင် အခွန်လိမ်လည်မှုဖြင့် အမှု ရင်ဆိုင်ရမည်ဖြစ်သည်။ ယင်းအ မှုတွင် အပြစ်ရှိကြောင်း တရားရုံး က တွေ့ရှိခဲ့ပါက ရှစ်နှစ်ထက်မနည်းသော ထောင်ဒဏ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ စပိန်အစိုးရ ရှေ့နေများသည် ရော်နယ်ဒိုထက် အလွန်နည်းသော ပမာဏအတွက် ဇာဗီအလွန်ဆိုကို ထောင်ဒဏ် ရှစ်နှစ်ချမှတ်ရန် ကြိုးပမ်းခဲ့သည်။

ထိုအခြေအနေကြောင့် ကိဗ်မြို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီး ရော်နယ်ဒို၏ တုံ့ပြန်မှု ထွက်ပေါ်လာခဲ့ဖွယ်ရှိပြီး ယင်းဗိုလ်လုပွဲ အပြီးတွင် မိမိ၏ ရီးရဲလ်နှစ်များ အဆုံးသတ်ပြီဟု ရော်နယ်ဒိုက အရိပ်အမြွက် ဖွင့်ဟခဲ့သည်။

စာချုပ်သစ် ချုပ်ဆိုခြင်း ဘောနပ်စ်အဖြစ် ရီးရဲလ်က အခွန်အာဏာပိုင်များတောင်းဆိုသော ငွေပမာဏကို ပေးချေမည်ဟု ရော်နယ်ဒိုက မျှော်လင့်ခဲ့သည်။ သို့သော် ထိုသို့ပေးချေမည် မဟုတ်ဟု ရီးရဲလ်က ရှင်းလင်းစွာ ရပ်တည်ပြီး ယင်းမှာ ကျင့်ဝတ်ပိုင်း ဆိုင်ရာအရ အနာဂတ်တွင် ထိုသို့သော အခြေအနေများအတွက် မကောင်းသော နမူနာမဖြစ်စေလို သောကြောင့်ဟု ရီးရဲလ်က ပြော သည်။

—Ref:AS