မန်ယူနဲ့ပွဲအတွက် လက်မှတ်ခွဲတမ်းအကုန်လုံးကို ဘာစီလိုနာရောင်းချနိုင်ခဲ့ခြင်းမရှိ

ဘာစီလိုနာအသင်းဟာ ဗုဒ္ဓဟူးနေ့၊ အိုးထရက်ဖို့ဒ်မှာ မန်ယူနဲ့ကစားမယ့်ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပ-ကျော့ ပွဲအတွက် လက်မှတ်ခွဲတမ်း(၃၅၀၀)ရရှိခဲ့ပေမယ့် ကုန်အောင်ရောင်းချနိုင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

ဘာစီလိုနာဟာ မန်ယူနဲ့ကစားမယ့် ဒု-ကျော့ပွဲအတွက် မန်ယူပရိသတ်တွေကို လက်မှတ်ဈေးနှုန်း (၁၀၂)ပေါင် သတ်မှတ်ခဲ့တာကြောင့် မန်ယူတာဝန်ရှိသူတွေကလည်း ဘာကာပရိသတ်တွေ အတွက် လက်မှတ်ဈေးနှုန်းကို ဘာစီလိုနာ သတ်မှတ်ခဲ့တဲ့အတိုင်း ထားရှိဖို့ တုံ့ပြန်ခဲ့တာပါ။

မန်ချက်စတာညနေခင်းသတင်းစာရဲ့ဖော်ပြချက်အရ မန်ယူနဲ့ ကစားမယ့်ပ-ကျော့ပွဲအတွက် ဘာစီလိုနာ ပရိသတ်(၂၀၀၀)၀န်းကျင်သာ လာရောက်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ ဧပြီလ(၁၆)ရက်၊ နျူးကမ့်မှာ ကစားမယ့်ဒု-ကျော့ပွဲမှာ မန်ယူပရိသတ်(၄၆၁၀)ဦး အတွက် များပြားတဲ့ လက်မှတ်ဈေးနှုန်း သတ်မှတ်ခဲ့တဲ့အပေါ် မန်ယူဒေါသထွက်ခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း မန်ယူတာဝန်ရှိသူတွေအနေနဲ့ ပ-ကျော့ပွဲမှာလည်း ဘာစီလိုနာပရိသတ်တွေအတွက် လက်မှတ်ဈေးကို (၁၀၂) ပေါင် သတ်မှတ်ဖို့ဆုံးဖြတ်ခဲ့ပြီး ဒု-ကျော့ပွဲ ကြည့်ရှု့ဖို့ စပိန် သွားရောက်မယ့် အသင်းပရိသတ်တစ်ဦးချင်းစီကို ထောက်ပံ့ငွေ (၂၇)ပေါင် ပေးအပ် သွားမှာ ဖြစ်ပါတယ်။

—Ref:Skysports