ဗာရက်တီနဲ့ငွေသားပေးပြီး ပေါ့ဂ်ဘာကိုခေါ်ဖို့ မန်ယူဆီပီအက်ဂျီ ကမ်းလှမ်းထားတယ်လို့ဆို


ပီအက်စ်ဂျီအသင်းဟာ ကွင်းလယ်လူ ဗာရက်တီအပြင် ငွေသားပါပေးပြီး မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာကိုခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် မန်ယူဘက်က ဒီကမ်းလှမ်းမှုကို စိတ်ဝင်စားခြင်း ရှိ မရှိဆိုတာကိုတော့ မသိသေးပါဘူး။ ပီအက်စ်ဂျီဟာ ဗာရက်တီကို စာချုပ်သစ် ချုပ်လိုပေမယ့် ပေါ့ဂ်ဘာကို ရခဲ့ရင် လက်လွှတ်ဖို့ စီစဉ်ထားလို့ မန်ယူရဲ့ သဘောထားကို သိရအောင်စမ်းသပ်တဲ့အနေနဲ့ ကမ်းလှမ်းထားတာလို့ ပြင်သစ်မီဒီယာတွေမှာ ဖော်ပြပါတယ်။

ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ ရာသီကုန်ကာနီးမှာ မန်ယူမှာ ပုံမှန်နေရာ မရခဲ့သလို နည်းပြမော်ရင်ဟိုနဲ့ ပြဿနာအချို့ ရှိခဲ့တယ်လို့ မနေ့တုန်းက ၀န်ခဲခဲ့တာကြောင့် အသင်းကနေထွက်ဖို့ ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

90Minutes