လီဗာပူးနောက်တန်းလူ ဆာခိုအား ရက်ပေါင်း ၃၀ ဆိုင်းငံ့

Sakho_AFP

လီဗာပူးနောက်ခံလူ မာမာဒူဆာခိုသည် ဆေးစစ်မှုကျခဲ့ပြီး စည်းကမ်းပိုင်းဆိုင်ရာ ကြားနာခဲ့ပြီးနောက် ဥရောပဘောလုံး အဖွဲ့ချုပ် (UEFA) က ၎င်းအား ရက်ပေါင်း ၃၀ ဆိုင်းငံ့ခဲ့သည်။

UEFA ကျင့်ဝတ်နှင့် စည်း ကမ်းထိန်းချုပ်ရေးအဖွဲ့၏ အပြီး သတ်ဆုံးဖြတ်ချက်မထွက်ပေါ်မီ ဆာခိုအား လတ်တလော ၃၀ ရက် ဆိုင်းငံ့ခြင်းဖြစ်သည်။

မတ်လ ၁၇ ရက်က မန်ယူ ကို အနိုင်ရရှိခဲ့သော ယူရိုပါလိဂ် ပွဲစဉ်အပြီးဆေးစစ်မှု၌ ဆာခို (၂၆) နှစ်သည် အဆီကျဆေးဟု ထင်မှတ်ရသော ဆေးတစ်မျိုးသုံး စွဲထားကြောင်း တွေ့ရှိခဲ့သည်။ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ ကြားနာမည့်ရက်ကို နောက်ပိုင်းတွင် ကြေညာမည်ဖြစ်သည်။

UEFA ၏ စုံစမ်းစစ်ဆေးမှုများ အပြီးသတ်ချိန်အထိ ဆာခို အား အသင်းအတွက် မရွေးချယ်ရန် ပြင်သစ်လက်ရွေးစင် ဆာခို နှင့် လီဗာပူးအသင်းကြား သဘောတူညီထားသည်။

ဆာခို၏ လီဗာပူးအသင်းဖော် ကိုလိုတိုရေးသည် ၂၀၁၁ က မန်စီးတီး၌ ကစားနေစဉ် ကိုယ်အလေးချိန်လျှော့ချသော ဆေးတစ်မျိုးသုံးစွဲထားကြောင်း ဆေးစစ်ချက်၌ တွေ့ရှိခဲ့ရာ ဘောလုံးကစားခြင်းမှ ခြောက်လပိတ်ပင်ခံခဲ့ရသည်။

အကယ်၍သာ UEFA က အလားတူပြစ်ဒဏ်မျိုး ဆာခိုအပေါ် ချမှတ်ခဲ့ပါက ပြင်သစ်လက်ရွေးစင် ဆာခိုသည် ဇွန်လ ၁၀ ရက် ပြင်သစ်နိုင်ငံတွင် စတင်မည့် ယူရို ၂၀၁၆ နှင့် လွဲချော်မည်ဖြစ်သည်။

 —Ref:BBC


Leave a Reply