မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲ- ၁ အား ဇွန် ၂၅ ရက်မှစတင်ကျင်းပမည်

မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲ- ၁ အား ဇွန် ၂၅ ရက်မှစတင်၍ ကလပ်အသင်း ၁၀ သင်းဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူး၍ပြန်လည်ကျင်း ပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲ -၁ ၌ ရှမ်းယူနိုက်တက်၊ ဟံသာ၀တီယူနိုက်တက်၊ ဧရာ၀တီ ယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ရတ နာပုံ FC ၊ ရခိုင်ယူနိုက်တက်၊မဟာယူနိုက်တက်၊မြဝတီ FC ၊ ISPE FC နှင့် GFA FC အသင်းတို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲ စတင်ကျင်းပမည့် ပထမအကျော့ ဇွန် ၂၅ ရက်၌ မကွေး FC အသင်းနှင့်ရန်ကုန်ယူနိုက်တတ်အ သင်းတို့မှ သုဝဏ္ဏဘောလုံးအားကစားကွင်းတွင် ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဘောလုံးပြိုင် ပွဲ၏ ပထမအကျော့ပွဲစဥ်များအား ဇွန် ၂၅ ရက်မှ သြဂုတ် ၂၅ ရက်အထိနှင့်ဒုတိယအကျော့ပွဲစဥ်များအား စက်တင်ဘာ ၃ ရက်မှနိုဝင်ဘာ ၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။