မက္ကဆီကိုကလပ် ဒိုရာဒေါ့စ် နည်းပြဖြစ်လာတဲ့ မာရာဒိုနာ

အာဂျင်တီးနားဂန္ထဝင်ကစားသမား မာရာဒိုနာ ဟာ မက္ကဆီကိုကလပ် ဒိုရာဒေါ့စ် အသင်းနည်းပြ ဖြစ်လာခဲ့ပါပြီ။ အဲဒီလို ဒိုရာဒေါ့စ် နည်းပြဖြစ် လာပြီးတဲ့နောက် မက္ကဆီကိုနိုင်ငံကို သွားရောက် ခဲ့တဲ့အချိန်မှာလည်း မာရာဒိုနာကို မက္ကဆီကို ပရိသတ်တွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ ကြတာကိုလည်း မီဒီယာတွေက ဖော်ပြထားပါတယ်။

မာရာဒိုနာဟာ ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားလက်ရွေးစင်အသင်းကို ရလဒ်ကောင်းတွေ ထွက်ပေါ်အောင် စွမ်းဆောင်ပေးခဲ့တာဖြစ်ပြီး နည်းပြဘဝမှာလည်း ကော်ရီးရန့် တက်စ်၊ ရေဆင်းကလပ်၊ အာဂျင်တီးနား၊ အယ်လ်ဝေးလ်နဲ့ ဇူဂျေးရာအသင်းတို့မှာ တာဝန်ယူ ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိတာဝန်ယူ ကိုင်တွယ်ရမယ့် ဒိုရာဒေါ့စ်အသင်းကတော့ အခုနှစ် ဘောလုံးရာသီ ခြောက်ပွဲမှာ သုံးပွဲ သရေရလဒ် ထွက်ပေါ်ခဲ့ကာ သုံးပွဲရှုံးနိမ့်ခဲ့တာကြောင့် နိုင်ပွဲတစ်ပွဲမှ မရှိသေးတာ ကိုလည်း တွေ့ရမှာပါ။

ဒါကြောင့် ရလဒ်ပိုင်း ဆိုးရွားမှုထပ်မံမကြုံရစေဖို့ မာရာဒိုနာကို အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

-Ref; Sky sports