ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရွေးချယ်ခံထားရတဲ့ ဆော်ဒီကွင်းလယ်ဒိုင် ထုတ်ပယ်ခံရ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ဆော်ဒီ ကွင်းလယ်ဒိုင် ဖာဟတ်အယ်လ်မီဒါဆီကို ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ တာဝန် ထမ်းဆောင်ဖို့ ရွေးချယ်ထားရာမှာ ယခုအခါ ပြန်လည်ထုတ်ပယ်လိုက်ပြီလို့ သိရပါတယ်။

အကြောင်းကတော့ အဆိုပါ ကွင်းလယ်ဒိုင်မှာ ၎င်းရဲ့နိုင်ငံတွင်း ပွဲစဉ်များကို ကိုင်တွယ်စဉ် လုပ်ပွဲအရှုပ်တော်ပုံများ ဆောင်ရွက်ခဲ့တယ်လို့ သ တင်းထွက်ပေါ်လာတာကြောင့်လို့ သိရပါတယ်။

အသက် ၃၂ နှစ်အရွယ်သာ ရှိသေးတဲ့ အဆိုပါ ကွင်းလယ်ဒိုင်ကို ဆော်ဒီအာရေဗျ ဘောလုံးအဖွဲ့အစည်းကလည်း ရာသက်ပန် ပွဲကြီးကြပ်ခွင့် ပိတ်ပင်လိုက်ပြီလို့လည်း သိရပါတယ်။

ပြစ်ဒဏ်နဲ့ပတ်သက်ပြီး ကွင်းလယ်ဒိုင်ဖာဟတ်ကိုယ်တိုင်ကလည်း လုပ်ပွဲဖန်တီးခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့ပြီး ဘုရင့်ဖလား ဗိုလ်လုပွဲမှာ လုပ် ဆောင်ခဲ့တာလို့ သိရပါတယ်။

ယခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖီဖာက -” အခြေအနေတွေကို ကမ္ဘာ့ဖလားပြိုင်ပွဲက လုံခြုံမှု အပြည့်အ၀ရရှိပြီလို့ ယုံကြည်လို့ မရတော့ပါဘူး။” လို့ ထုတ်ပြန်ခဲ့ပါတယ်။

၎င်းမှာ ၂၀၁၁ ခုနှစ်မှ စတင်ကာ ဖီဖာအသိအမှတ်ပြု ကွင်းလယ်ဒိုင်တစ်ဦးဖြစ်လာခဲံပြီး လက်ရှိမှာတော့ ၎င်းနေရာမှာ အစားထိုးဖို့ ကွင်းလယ်ဒိုင် တစ်ဦးကို ပြန်လည်ရှာဖွေရာမှာတော့ ဖီဖာ ကွင်းလယ်ဒိုင် ကော်မတီက တိုက်ရိုက်မရွေးချယ်တော့ဘူးလို့လည်းသိရပါတယ်။

ဒါပေမယ့်လည်း လက်ထောက်ဒိုင်းနှစ်ဦးအဖြစ် ဂျပန်က ဟီရိုချီနဲ့ ယူအေအီးက ဟာဆန်အယ်မာရီတို့ကိုထပ်မံ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။

 

Source- BBC SPORTS