ရုရှား ဂရင်းပရီမှာ မာစေးဒီးစ်က ဟာမီလ်တန် ဗိုလ်စွဲ

ရုရှားနိုင်ငံ၊ ဆိုချီမှာ ကျင်းပတဲ့ ရုရှား ဂရင်းပရီ ဖော်မြူလာဝမ်းပြိုင်ပွဲမှာတော့ မာစေးဒီးစ်က လူးဝစ် ဟာမီလ်တန် ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ဖာရာရီက ပွဲအတွင်း ပိုမြန်ခဲ့သလို ထိပ်ဆုံးကလည်း တာထွက်ခွင့်ရခဲ့တာပါ။

ပွဲအစ ၁ပတ်မှာပဲတင် တတိယနေရာက တာထွက်ခဲ့ရတဲ့ ဗက်တဲလ်က ဒီပြိုင်ပွဲကို ဦးဆောင်ခဲ့ပြီး အကောင်းဆုံး မောင်းနှင်နိုင်ခဲ့ပါတယ်။ ၁၅ပတ်မှာ ဖာရာရီရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့ပြီးနောက် ဗက်တဲလ်ရဲ့ ကားစက်ချို့ယွင်း သွားခဲ့ပြီးနောက် မာစေးဒီးလ် လွယ်လွယ်ကူကူ ဗိုလ်စွဲဖို့ ဖြစ်လာခဲ့တာပါ။

ဗက်တဲလ်ကို ကျော်ဖြတ်ခွင့်ပေးခဲ့တဲ့ Charles Leclerc လည်းအကောင်းဆုံး မကောင်းနှင်နိုင်ခဲ့သလို မာစေးဒီးစ်ကလည်း တည်တည်ငြိမ်ငြိမ် ဦးဆောင်ခဲ့ပြီး ထိပ်ဆုံး ၂နေရာနဲ့ ပန်းဝင်ခဲ့တာပါ။ ပွဲစတင်မီ ဗိုလ်စွဲဖို့ ရေပန်းစားနေသလို အစပိုင်းတွေမှာ အခြေအနေကောင်းခဲ့တဲ့ ဖာရာရီရဲ့ အမှားကြောင့် မာစေးဒီးစ် ချန်ပီယံဖြစ်ခဲ့တာပါ။ လူးဝစ်ဟာမီလ်တန်က ဗိုလ်စွဲခဲ့ပြီး အသင်းဖော် ဘော့တပ်စ်က ဒုတိယ၊ ဖာရာရီက Charles Leclerc က တတိယရခဲ့ပါတယ်။